၂၀၂၂ ခုနှစ်တွင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၏ အခက်အခဲများ၊ စိန်ခေါ်မှုများ လျော့နည်းလာပြီး လုပ်ငန်းများ ပြန်လည်ရှင်သန်ကာ ဆက်လက် လုပ်ကိုင်လာနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ပြောကြား

၂၀၂၂ ခုနှစ်တွင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၏ အခက်အခဲများ၊ စိန်ခေါ်မှုများ လျော့နည်းလာပြီး လုပ်ငန်းများ ပြန်လည်ရှင်သန်ကာ ဆက်လက် လုပ်ကိုင်လာနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ပြောကြား
COVID-19 ချေးငွေ ပဏာမစိစစ်ရေး ဆောင်ရွက်နေမှုကို တွေ့ရစဉ်   (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
COVID-19 ချေးငွေ ပဏာမစိစစ်ရေး ဆောင်ရွက်နေမှုကို တွေ့ရစဉ်   (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 23 December 2020
နီလာ

၂၀၂၂ ခုနှစ်တွင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၏ အခက်အခဲများ၊ စိန်ခေါ်မှုများ လျော့နည်းလာပြီး လုပ်ငန်းများ ပြန်လည်ရှင်သန်ကာ ဆက်လက် လုပ်ကိုင်လာနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

“ကမ္ဘာ့ကပ်ရောဂါ COVID-19 ဟာလည်း ၂၀၂၁ ခုနှစ်အတွင်းမှာ ကာကွယ်ထိန်းချုပ် တားဆီးနိုင်မယ့်ဆေးတွေ ပေါ်ထွက်လာပြီး ရောဂါဖြစ်ပွားမှုနှုန်း တဖြည်းဖြည်း လျော့ကျသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ၂၀၂၂ ခုနှစ် ပြည်တွင်း စီးပွားရေးလုပ်ငန်းများ အားလုံးဟာလည်း အခက်အခဲများ ၊ စိန်ခေါ်မှုများ လျော့နည်းလာပြီး လုပ်ငန်းများ ပြန်လည်ရှင်သန်ကာ စဉ်ဆက်မပြတ် ဆက်လက် လုပ်ကိုင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်”ဟု ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလ ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ Stay at Home အစီအစဉ်ကာလတွင် အသင်းချုပ်၏ လုပ်ငန်းများ မရပ်ဆိုင်းဘဲ ပြည်တွင်းပြည်ပ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ Online ပြပွဲများကို Zoom Application ဖြင့် Online စနစ်ဖြင့် အောင်မြင်စွာ လုပ်နိုင်ခဲ့ကြောင်း သိရသည်။

“အသင်းချုပ်အနေနဲ့ ချမှတ်ထားတဲ့ Strategic Action Plan နဲ့ ရှေ့လုပ်ငန်းစဉ် Business Agenda (၁၂) ချက်ကို အခြေခံပြီး မဟာဗျူဟာ ငါးနှစ်စီမံကိန်း ရေးဆွဲ၍ အသင်းချုပ်မှ ဦးဆောင်ပြီး ညီနောင်အသင်းအဖွဲ့များ၊ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် စဉ်ဆက်မပြတ် ထိတွေ့ပေါင်းစပ်ညှိနှိုင်း၍ လာမယ့် ၂၀၂၀-၂၀၂၁ သက်တမ်းကာလမှာ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ခေတ်စနစ်သစ်တွင် ဒစ်ဂျစ်တယ် (Digital) စီးပွားရေးစနစ်သို့ ကူးပြောင်းရေး၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ IT နည်းပညာကို အသုံးပြု၍ ဝန်ဆောင်မှုများ e-Commerce ၊ Mobile Payment စသည့်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်အတွက် ကြိုးပမ်းလျက်ရှိပြီး Myanmar 4.0 နှင့်စပ်လျဉ်း၍ Myanmar Computer Federation နှင့် ပူးပေါင်းအကောင်အထည် ဖော်လျက်ရှိကြောင်း သိရသည်။

“COVID-19 ဟာ ကမ္ဘာတစ်ဝန်းလုံး ပျံ့နှံဖြစ်ပေါ်လာခဲ့ရာ မြန်မာနိုင်ငံတွင်လည်း နိုင်ငံအနှံ့အပြား ကျန်းမာရေး၊ လူမှုရေးနဲ့ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ပါတယ်။ ပြည်တွင်းပြည်ပ ကုန်စည်စီးဆင်းမှု အဆက်အသွယ် ပြတ်တောက်ခြင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ CMP လုပ်ငန်းများ၊ MSMEs လုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုရှိလာခဲ့ပြီး အခြားအရေးကြီးတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများ စသဖြင့် လုပ်ငန်းများအပေါ်မှာလည်း အနည်းအများအလိုက် ဆန့်ကျင်ဘက် သက်ရောက်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါ့အပြင် အချို့စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းပြီး အလုပ်သမားအရေအတွက် လျော့ချခြင်းများကိုလည်း ကြားသိနေခဲ့ရပါတယ်။ COVID-19 ရောဂါ ရိုက်ခတ်မှုကြောင့် ထိခိုက်လာသည့် စီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းရှင်များနှင့် အလုပ်သမားများအတွက် မျက်ခြေမပြတ် စောင့်ကြည့်၍ ကူညီဆောင်ရွက်ခဲ့ပါတယ်”ဟု ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် COVID-19 ရောဂါ ဖြစ်ပွားနေသောကြောင့် အခက်အခဲများစွာနှင့် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည့် အချိန်ကာလတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ရှင်သန် ရပ်တည်နိုင်ရန် နိုင်ငံတော်အစိုးရ၊ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်တားဆီးရေး၊ ကုသရေးလုပ်ငန်းကေ်ာမတီ၊ စီးပွားရေးသက်ရောက်မှု ကုစားရေးကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent