၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်အထိ ကျေးရွာပေါင်း ၄၃၉၄ တွင် လျှပ်စစ်ရရှိရေး တည်ဆောက်ရေး လုပ်ငန်းများပြီးစီးနေပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် လျှပ်စစ်ဓာတ်အားရရှိထားသည့် ကျေးရွာအရေအတွက် ၃၉၇၁ ရွာရှိ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်အထိ ကျေးရွာပေါင်း ၄၃၉၄ တွင် လျှပ်စစ်ရရှိရေး တည်ဆောက်ရေး လုပ်ငန်းများပြီးစီးနေပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် လျှပ်စစ်ဓာတ်အားရရှိထားသည့် ကျေးရွာအရေအတွက် ၃၉၇၁ ရွာရှိ
Published 22 December 2020
နီလာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်အထိ ကျေးရွာပေါင်း ၄၃၉၄ ရွာတွင် လျှပ်စစ်ရရှိရေး တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးနေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လျှပ်စစ်ဓာတ်အား ရရှိထားသည့်ကျေးရွာအရေအတွက် ၃၉၇၁ ရွာရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် မီးလင်းပြီးနှင့် မီးလင်းရန် ကျန်ရှိသည့် မြို့နှင့်ကျေးရွာအရေအတွက် အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အားရရှိမှုတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က မီးလင်းပြီးမြို့ပေါင်း ၃၁၉ နှင့် ကျေးရွာပေါင်း ၃၁၅၅၆ ရွာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မီးလင်းပြီးမြို့ပေါင်း ၃၄၆ မြို့နှင့် ကျေးရွာပေါင်း ၃၂၃၅၃ ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မီးလင်းပြီးမြို့ပေါင်း ၃၆၄ နှင့် ကျေးရွာပေါင်း ၃၄၁၄၆ ရွာ ၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မီးလင်းပြီး မြို့ပေါင်း ၃၇၈ နှင့် ကျေးရွာပေါင်း ၃၇၂၄၇ ရွာနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မီးလင်းပြီး မြို့ပေါင်း ၃၈၂ နှင့် ကျေးရွာပေါင်း ၄၇၈၀၅ ရွာရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြထားသည်။

မီးလင်းရန်ကျန်ရှိသည့် မြို့နှင့်ကျေးရွာများအနေဖြင့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် မြို့ပေါင်း ၁၇၀ နှင့် ကျေးရွာပေါင်း ၃၁၇၀၈ ရွာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြို့ပေါင်း ၁၄၃ နှင့် ကျေးရွာပေါင်း ၃၀၉၁၁ ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်  မြို့ပေါင်း ၁၂၅ နှင့်ကျေးရွာ ၂၉၁၁၈ ရွာ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြို့ပေါင်း ၁၁၁ နှင့် ကျေးရွာပေါင်း၂၆၀၁၇ ရွာနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့ပေါင်း ၁၀၇ နှင့် ကျေးရွာပေါင်း ၁၅၄၅၉ ရွာရှိကြောင်း သိရသည်။

အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အား ရရှိသည့်ရာခိုင်နှုန်းအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၃၇ ဒသမ ၇၇ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၃၉ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၄၅ ဒသမ ၃၅ ရာခိုင်နှုန်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ၅၆ ဒသမ ၁၅ ရာခိုင်နှုန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၆၉ ဒသမ ၅၈ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လျှပ်စစ်ဓာတ်အားရရှိပြီးသည့် ကျေးရွာအရေအတွက် ၃၇၀၀၀ ကျော်ရှိပြီး ကျေးရွာပေါင်း ၂၆၀၀၀ ကျော်မှာ ဓာတ်အားရရှိရန်  ကျန်ရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လျှပ်စစ်ဓာတ်အားရရှိပြီးသည့် ကျေးရွာများ အနေဖြင့် ကချင်ပြည်နယ်တွင် ၁၃၄၄ ရွာ၊ ကယားပြည်နယ်တွင် ၄၈၁ ရွာ၊ ကရင်ပြည်နယ်တွင် ၁၁၅၉ ရွာ၊ ချင်းပြည်နယ်တွင် ၉၈၈ ရွာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅၃၂၅ ရွာ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၇၄၈ ရွာ၊ ပဲခူးတိုင်းဒေသကြီးတွင် ၃၀၆၂ ရွာ၊ မကွေးတိုင်းဒေသကြီးတွင် ၃၂၄၀ ရွာ၊ မန္တလေးတိုင်းဒေသကြီးတွင် ၄၀၈၇ ရွာ၊ မွန်ပြည်နယ်တွင် ၈၆၅ ရွာ၊ ရခိုင်ပြည်နယ်တွင် ၂၀၉၄ ရွာ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၆၂၂ ရွာ၊ ရှမ်းပြည်နယ်တွင် ၄၆၃၁ ရွာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၆၉၈၁ ရွာနှင့် နေပြည်တော်တွင် ၆၂၀ ရွာဖြင့် စုစုပေါင်း ၃၇၂၄၇ ရွာရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း NEP Phase-2 လုပ်ငန်းများတွင်  ဓာတ်အားစနစ်မှ သုံးမိုင်အတွင်းရှိ စုစုပေါင်း ကျေးရွာ ၄၇၀၀ ရွာ၊ အိမ်ထောင်စုပေါင်း  ၅၃၉၆၇၄ စုကို လျှပ်စစ်ဓာတ်အားရရှိရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း NEP Phase-2 ဆက်လက်ဆောင်ရွက်မည့် ကျေးရွာအရေအတွက်အနေဖြင့် ဓာတ်အားစနစ်မှ သုံးမိုင်အတွင်းရှိ စုစုပေါင်းကျေးရွာ ၄၇၀၀ ရွာ အိမ်ထောင်စုပေါင်း ၅၃၉၆၇၄ စု ပါဝင်သည်။

နှစ်အလိုက်  လူတစ်ဦးချင်း လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်မှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၂၆၃၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၀၁၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၃၅၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီ ၄၃၂ အထိရှိလာကာ ငါးနှစ်အတွင်း ကီလိုဝပ်နာရီ ၁၆၉ အထိ တိုးတက်လာခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။                      

Most Read

Most Recent