ပြည်​ထောင်စုလွှတ်​တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇွန် ၄ ရက်နှင့် ပြည်သူ့လွှတ်​တော်၊ အမျိုးသားလွှတ်​တော် ဒုတိယပုံမှန်အစည်းအဝေးအား ဇွန် ၂ ရက်တွင် စတင်ကျင်းပမည်

ပြည်​ထောင်စုလွှတ်​တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇွန် ၄ ရက်နှင့် ပြည်သူ့လွှတ်​တော်၊ အမျိုးသားလွှတ်​တော် ဒုတိယပုံမှန်အစည်းအဝေးအား ဇွန် ၂ ရက်တွင် စတင်ကျင်းပမည်
Published 13 May 2026

ပြည်​ထောင်စုလွှတ်​တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇွန် ၄ ရက်နှင့် ပြည်သူ့လွှတ်​တော်၊ အမျိုးသားလွှတ်​တော် ဒုတိယပုံမှန်အစည်းအဝေးအား ဇွန် ၂ ရက်တွင် စတင်ကျင်းပမည်ဖြစ်​ကြောင်း လွှတ်တော်အသီးသီးက ​​မေ ၁၂ ရက်တွင် ​ကြေညာချက်များ ထုတ်ပြန်သည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၉၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၁၃ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈ နည်းဥပဒေခွဲ(ခ) တို့အရ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် (၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်) ကြာသပတေးနေ့၊ ၁၀ နာရီတွင် စတင်ကျင်းပရန်ခေါ်ယူကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ကြေညာချက်အမှတ်(၃ /၂၀၂၆)ဖြင့် ထုတ်ပြန်သည်။

ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၆၊ ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၅ နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် (၂၀၂၆ခုနှစ်၊ ဇွန်လ ၂ ရက်) အင်္ဂါနေ့၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန်ခေါ်ယူ ကြောင်း ပြည်သူ့လွှတ်တော်က ကြေညာချက်အမှတ်( ၂ /၂၀၂၆)ဖြင့် ထုတ်ပြန်သည်။

အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၅ နှင့် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ) တို့အရ တတိယအကြိမ် အမျိုးသား လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် (၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်) အင်္ဂါနေ့၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန်ခေါ်ယူကြောင်း အမျိုးသားလွှတ်တော်က ကြေညာချက်အမှတ်( ၁ /၂၀၂၆ )ဖြင့် ထုတ်ပြန်သည်။ 

Most Read

Most Recent