နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့က မြန်မာနိုင်ငံ၌ အိမ်ခြံမြေ၊ ရွှေ၊ ကျောက်မျက်ရတနာ ရောင်းဝယ်မှုတို့တွင် ငွေကြေးခဝါချမှုဖြစ်နိုင်သော လုပ်ငန်းများဖြစ်သောကြောင့် အထူးအလေးထား ကြပ်မတ်ရန် အသိပေး.

နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့က မြန်မာနိုင်ငံ၌ အိမ်ခြံမြေ၊ ရွှေ၊ ကျောက်မျက်ရတနာ ရောင်းဝယ်မှုတို့တွင် ငွေကြေးခဝါချမှုဖြစ်နိုင်သော လုပ်ငန်းများဖြစ်သောကြောင့် အထူးအလေးထား ကြပ်မတ်ရန် အသိပေး.
Published 22 December 2020

နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့် ကြည့်ကြီးကြပ်ရေးအဖွဲ့ (The Financial Action Task Force-FATF) က မြန်မာနိုင်ငံ၌ အိမ်ခြံမြေရောင်းဝယ်မှု၊ ရွှေ၊ ကျောက်မျက်ရတနာ ရောင်းဝယ်မှုတို့တွင် ငွေကြေး ခဝါချမှု ဖြစ်နိုင်သည့် လုပ်ငန်းများ ဖြစ်သောကြောင့် အထူးအလေးထား ကြပ်မတ်ရန် တရားဝင် အသိပေးထားပြီး မြန်မာနိုင်ငံက မဖြစ်မနေလိုက်နာရန် FATF မှဖော်ပြထားသည့် Action Plan များထဲတွင်လည်း တစ်ခုအဖြစ် ပါဝင်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

မြန်မာနိုင်ငံအား FATF က ငွေကြေး ခဝါချမှုတိုက်ဖျက်ရာတွင် အပြည့်အဝပူးပေါင်းမှု မရှိသောနိုင်ငံများစာရင်း (Grey List) သို့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ထည့်သွင်းခဲ့သည်။ Grey List စာရင်းဝင်နိုင်ငံများရှိ ဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအား နိုင်ငံ တကာဘဏ်များ၊ ဘဏ္ဍာရေးအဖွဲ့အစည်း များက High Risk အဖြစ် သတ်မှတ်ကာ ပူးပေါင်းဆောင်ရွက်ခြင်းမှ တတ်နိုင်သမျှ ရှောင်ရှားကြမည်ဖြစ်၍ မြန်မာနိုင်ငံရှိဘဏ် များ၊ ငွေရေးကြေးရေးအဖွဲ့ဏအညး်များနှင့် မြန်မာ့စီးပွားရေးတွင် ပါဝင်လုပ်ဆောင်ကြ သူများအားလုံးအတွက် ဆိုးကျိုးခံစားရမည် ဖြစ်သည်။ ထို့အတွက် မြန်မာနိုင်ငံတော်ဗဟို ဘဏ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့ရှိ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ Grey List မှ ထွက်နိုင်ရေးကြိုး ပမ်းအားထုတ်လျက်ရှိကြောင်း သိရသည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ (င) အရ အခွန်တိမ်းရှောင်ခြင်းသည် ငွေကြေးခဝါချမှုတွင် အကျုံးဝင်နေသည့် အချက် တစ်ချက်ဖြစ်သည်။ FATF ၏ Guidance များအရ Grey List မှ ထွက်ရှိနိုင်ရေး Black List သို့ မဝင်ရောက်ရေးတို့ကို လုပ်ဆောင်ရန် လိုအပ်လာသဖြင့် အခွန်ဆိုင်ရာ ကိစ္စရပ်များ၊ ငွေကြေးခဝါချမှုဆိုင်ရာ ကိစ္စရပ်များကို တိတိကျကျ စောင့်ကြည့်ကြပ်မတ်ရန်၊ အခြားစောင့်ကြည့် ကြီးကြပ်သူ အာဏာပိုင်အဖွဲ့အစည်းများပူးပေါင်း၍ အခွန်ဆိုင်ရာ ငွေကြေးခဝါချမှုဆိုင်ရာ ကိစ္စရပ်များကို  ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်လာခြင်း ဖြစ်သည်။

FATF ၏ Guidance for the Banking Sector တွင် ဖော်ပြပါရှိသော အပိုဒ် ၃၄၊ ၃၈၊ ၃၉ တို့တွင် ဘဏ်တစ်ခုချင်းစီ၏ ငွေကြေးခဝါချမှုဖြစ်ပေါ်နိုင်ဖွယ် အန္တရာယ် (Money Laundering Risk) နှင့် ဘဏ်၏ချေးငွေများဝန်ဆောင်မှုလုပ်ငန်း များ၏ သဘောသဘာဝနှင့် ရှုပ်ထွေးမှု (Complexity) ချေးငွေထုတ်ချေးခြင်း အပါအဝင် ငွေကြေးခဝါချမှုဖြစ်နိုင်သည့် အန္တရာယ်အလားအလာပေါ် မူတည်၍ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးသူများသည် ၎င်းတို့၏ စစ်ဆေးမှုကို လိုအပ်သလို အကြိမ်အရေအတွက် တိုးမြှင့်ပြုလုပ်ခြင်း၊ သတင်းအ ချက်အလက်များ ပိုမိုတောင်းခံ၍ စစ်ဆေးခြင်းတို့ဖြင့် ကြပ်မတ် လုပ်ဆောင်သင့်ကြောင်း လမ်းညွှန်ချက်များ ထုတ်ပြန်ထားသည်။

ထို့ပြင် ငွေကြေးခဝါချမှုဆိုင်ရာ ကိစ္စရပ်များတွင် ဘဏ်ကြီးကြပ်ရေးအာဏာပိုင်များသည် အခြားသော ငွေရေးကြေးရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့အစည်းများ (ငွေရေး ကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့စသည့်) ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဆိုင်ရာကိစ္စရပ်များကို ကြီးကြပ်သည့် ဌာနအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သတင်းဖ လှယ်ရေးကိုလည်း လုပ်ဆောင်ရန်လိုအပ် ကြောင်း FATF မှထုတ်ပြန်ထားသော Guidance for Effective Supervision ၏ အပိုဒ် ၇၁၊ ၇၆၊ ၇၇ တို့တွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ (The Financial Action Task Force-FATF) ၏ အထူးဂရုပြု စောင့်ကြည့်ရန် လိုအပ်သော နိုင်ငံများစာရင်းတွင် ၂၀၁၄ မှ ၂၀၁၆ အထိ ပါဝင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ၂၀၁၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလောကကို FATF မှ တဖန်ပြန်လည် ဂရုပြုစောင့်ကြည့်လာခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် FATF မှထုတ်ဝေသည့် Mutual Evalution Report တွင် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၏ လိုအပ်ချက်များကို ထောက်ပြဝေဖန်ခြင်း ပြုခဲ့သည်။