အချိန်ကြာလာတာနဲ့အမျှ စက်သုံးဆီ၊ PPE နဲ့လူတစ်ကိုယ် ဆက်စပ် ကာကွယ်ရေးပစ္စည်းတွေ လုံ လောက်မှု မရှိတာတွေ ဖြစ်လာတယ်။ တတိယအချက်ကတော့ Volunteer တွေ စားသောက်ဖို့ အတွက် ရပ်ကွက်ကလူတွေ ပြည်သူကနေ ပြည်သူကို လှူဒါန်းနဲ့ငွေနဲ့ပဲ အများပြည်သူ အတွက်ကို ပြန်လည် ကူညီနေရတော့ အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေ ကြုံလာရပါတယ်။ အလှူရှင်တွေကလည်း ရေရှည်ဖြစ်လာတော့ နည်းနည်းလက်ပန်း ကျတာလေးတွေ ရှိလာပါတယ်။ ကျွန်တော်တို့ဘက်ကလည်း အချိန်ကြာလာတာနဲ့အမျှ လိုအပ်ချက်တွေ ပိုများလာတယ်။ ကျန်းမာရေး ဝန်ထမ်းတွေဆို ပိုပြီးတော့ အခက်အခဲတွေ ရှိပါတယ်။ အချိန်ကြာလာတဲ့အမျှ Volunteer လေးတွေမှာလည်း ကူးစက်မှုတွေ ပိုများလာတယ်။ ပထမလှိုင်းတုန်းကလည်း နှစ်ယောက် သုံးယောက်လောက်ပဲရှိတယ်။ ဒုတိယလှိုင်းမှာဆို Volunteer တစ်ထောင်မှာ နှစ်ရာခိုင်နှုန်းလောက် ကူးစက်မှုတွေ ရှိလာတယ်။










