ကိုဗစ်ကာလ ရှည်ကြာနိုင်မှုကြောင့် ဖြစ်ပေါ်လာမည့် အလုပ်လက်မဲ့ပြဿနာ

ကိုဗစ်ကာလ ရှည်ကြာနိုင်မှုကြောင့် ဖြစ်ပေါ်လာမည့် အလုပ်လက်မဲ့ပြဿနာ
လှိုင်သာယာမြို့နယ်အတွင်း စက်ရုံအလုပ်ရုံများတွင် လုပ်ငန်းခွင် ဝင်ရောက်နေသည့် အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
လှိုင်သာယာမြို့နယ်အတွင်း စက်ရုံအလုပ်ရုံများတွင် လုပ်ငန်းခွင် ဝင်ရောက်နေသည့် အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
Published 21 December 2020
နီလာ

အလုပ်အကိုင်စျေးကွက် ကျဆင်းမှုကို ရုန်းထွက်နိုင်သော ကမ္ဘာ့စီးပွားရေး၏ အရှိန်အဟုန်နှင့် စွမ်းပကားသည် ကိုရိုနာကပ်ဘေးကို ထိန်းချုပ်နိုင်စွမ်းနှင့် ဆက်စပ်နေကြောင်း ILO ဥက္ကဋ္ဌ ရိုက်ဒါက ပြောကြားထားသည်။ ထိုအချက် နှစ်ချက်သည် အပြန်အလှန် ဆက်နွှယ်နေပြီး ယင်းအခြေအနေကို နားလည်ပြီး ဆောင်ရွက်ရန် လိုအပ်ကြောင်း ရိုက်ဒါက ပြောကြားခဲ့သည်။

 

ကမ္ဘာ့အစိုးရများက ဘဏ္ဍာရေး တွန်းအားပေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း မရှိပါက အလုပ်အကိုင်စျေးကွက် ပျက်စီးမှုသည် ပို၍ဆိုးရွားလိမ့်မည်ဟု ILO အစီရင်ခံစာက ဖော်ပြခဲ့သည်။

 

မည်သို့ပင်ဆိုစေ၊ အလုပ်အကိုင်များ ဆုံးရှုံးရမှုသည် COVID-19 ဒုတိယလှိုင်း၌ ပထမလှိုင်းထက် ပိုမိုဆိုးရွားနိုင်ကြောင်း သတိပေးမှုများ ထွက်ပေါ်လာသည်နှင့် အညီ ရေတိုကာလအတွင်း အလုပ်အကိုင်များ ကပ်ရောဂါမဖြစ်မီက အနေအထားသို့ ပြန်လည် ရောက်ရှိရေးနှင့် စီးပွားရေးကျဆင်းမှု ထိန်းသိမ်းရေးတို့အတွက် အရေးပေါ် လုပ်ဆောင်မှုများ လုပ်ဆောင်ရန် မဖြစ်မနေ လိုအပ်လာပြီဖြစ်သည်။

 

Most Read

Most Recent