နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သောကုမ္ပဏီပေါင်း၁၀၀၀ ခုကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ DICA ပယ်ဖျက်

နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သောကုမ္ပဏီပေါင်း၁၀၀၀ ခုကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ DICA ပယ်ဖျက်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကိုတွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကိုတွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 19 December 2020

 နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီပေါင်း ၁ဝဝဝခုအား ကုမ္ပဏီမှတ်ပုံတင်စာရင်းမှပယ် ဖျက်လိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန(DICA)က ထုတ် ပြန်ထားသည်။

ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများအနက် Myanmar Companies Online (MyCO) တွင် နှစ်စဉ်အစီရင်ခံစာ (Annual) တင်ပြရန်ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀၀ ခုအား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၄၃၀(စ)အရ ဆိုင်းငံ့စာရင်း (Suspended) စတင်ဖော်ပြခံရသည့်နေ့မှ ခြောက်လအ တွင်း တင်ပြရန်ပျက်ကွက်ခဲ့သော ကုမ္ပဏီများ အား System မှ Company Status တွင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ် ဖျက်လိုက်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၇ ရက်က ထုတ်ပြန်ထားသည်။

အဆိုပါအမိန့်ထုတ်ပြန်ကြေညာစာ ထုတ်ပြန်သည့်နေ့မှစ၍ အဆိုပါကုမ္ပဏီ ၁၀၀၀ ခုအား ကုမ္ပဏီမှတ်ပုံစာရင်းမှ ပယ် ဖျက်လိုက် ကြောင်း ထုတ်ပြန်ထားသည်။

My COတွင် မှတ်ပုံတင်ထားသည့် ကုမ္ပ ဏီများအနေဖြင့် Annual Return တင်ပြ ခြင်းအတွက် ဆောင်ရွက်ရာတွင် Annual Return နောက်ဆုံးတင်ပြရမည့်ရက်ကို ကုမ္ပဏီ Profile တွင် ဖော်ပြထားပါသဖြင့် အဆို ပါရက်မတိုင်ခင် မှတ်ပုံတင်ကြေး ငါးသောင်း ကျပ်ပေးသွင်းတင်ပြရန်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၆ ရက်က ထုတ်ပြန်ထားသည်။

Annual Return တင်ပြရမည့်ရက် ကျော်လွန်ပြီး ၂၈ ရက်အတွင်းဖြစ်လျှင် နောက်ကျကြေး (Late Fee) တစ်သိန်းကျပ် ပေးသွင်းရမည်ဖြစ်သည်။

Annual Return တင်ပြရမည့်ရက် ထက် ၂၈ ရက်ကျော်လွန်ပြီးပါက ဆိုင်းငံ့  (Suspended) ဖြစ်သွားသဖြင့် ဆိုင်းငံ့စာရင်း မှ ပယ်ဖျက်ပေးရန် ပုံစံ 1-9 D ဖြင့် တင်ပြရ သည့်အတွက် မှတ်ပုံတင်ကြေး တစ်သိန်းကျပ် ထပ်မံပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်းငံ့စာရင်း (Suspended) ဖြစ်ပြီး  ခြောက်လအထိ Annual Return တင်ပြခြင်း မရှိပါက ကုမ္ပဏီအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက် (Struck Off) သွားမည်ဖြစ်သည်။

Struck Off ဖော်ပြခြင်းခံရသော ကုမ္ပဏီ ဖြစ်ပါက တရားရုံးကင်းလွတ်ခွင့်ရရှိရန် လျှောက်ထားရသည့် ကုန်ကျစရိတ်နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ လိုက်နာရန် ပျက်ကွက်ထားကြောင်း ကုမ္ပဏီ၏ ပုံရိပ်ကျန် ရှိနေမည်ဖြစ်သောကြောင့် Annual Return တင်ပြခြင်းကို အထူးဂရုပြုလိုက်နာဆောင် ရွက်ကြရန် တိုက်တွန်းထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ MyCO တွင် မှတ်ပုံတင် ထားသော ကုမ္ပဏီအရေအတွက်မှာ ၁၂,၀၀၀ ကျော်ရှိပြီး MyCO စတင်ဆောင်ရွက်သည့် အချိန်မှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအ ထိ ကုမ္ပဏီပေါင်း ၈၄,၇၁၇ ခု မှတ်ပုံတင်ထား ပြီးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၉၇ အရ ကုမ္ပဏီများ အားလုံးသည် ဖွဲ့စည်းတည်ထောင်သည့်နေ့ မှနှစ်လအတွင်းနှင့် နှစ်စဉ်အနည်းဆုံးတစ် ကြိမ်(၁၃လထက်နောက်မကျစေဘဲ)နှစ်စဉ် အစီရင်ခံစာတင်ပြရမည်ဖြစ်သည်။ တင်ပြရန် ပျက်ကွက်ပါက ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်မှစ၍ ပုဒ်မ ၄၃၀(ဃ)နှင့်အညီ သတ်မှတ်ဖော်ပြထား သည့်အခကြေးငွေပေးဆောင်ခြင်းအပါအ ဝင် မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားမည်ဟု အသိပေးချက်ထုတ်ပြန်ထားသည်။

Most Read

Most Recent