COVID-19 လူနာ တွေ့ရှိပြီးနောက် ပိုးတွေ့လူနာများနှင့် ထိတွေ့နီးစပ်မှု ရှိခဲ့ပါက စစ်ဆေးမှုပြုလုပ်ရန်အတွက် ကျန်းမာရေးဌာနသို့ အချိန်မီသတင်းပေးပို့ရန်နှင့် မလိုက်နာသူများကို ထိရောက်စွာ အရေးယူမည်ဟု UWSA ကြေညာ

COVID-19 လူနာ တွေ့ရှိပြီးနောက် ပိုးတွေ့လူနာများနှင့် ထိတွေ့နီးစပ်မှု ရှိခဲ့ပါက စစ်ဆေးမှုပြုလုပ်ရန်အတွက် ကျန်းမာရေးဌာနသို့ အချိန်မီသတင်းပေးပို့ရန်နှင့် မလိုက်နာသူများကို ထိရောက်စွာ အရေးယူမည်ဟု UWSA ကြေညာ
 စစ်ဆေးရေးဂိတ်တစ်ခုတွင် UWSA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (Photo: Nyi Rang Facebook)
စစ်ဆေးရေးဂိတ်တစ်ခုတွင် UWSA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (Photo: Nyi Rang Facebook)
Published 19 December 2020

“၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် COVID-19 အတည်ပြုလူနာတွေ့ရှိပြီး နောက် ပိုးတွေ့လူနာများနှင့် ထိတွေ့နီးစပ်မှု ရှိခဲ့ပါက စစ်ဆေးမှုပြုလုပ်ရန်အတွက် ကျန်းမာရေးဌာနသို့ အချိန်မီသတင်းပေးပို့ရန် “၀” အဖွဲ့ (UWSA) က ညွှန်ကြားခဲ့ပြီး မလိုက်နာ သူများကိုဥပဒေအရ ထိရောက်စွာအရေးယူ မည်ဟု UWSA က ဒီဇင်ဘာ ၁၇ ရက်တွင် ကြေညာသည်။

ဒီဇင်ဘာ ၁၄ ရက်နှင့် ဒီဇင်ဘာ ၁၆ ရက်တို့တွင် “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မှ တရုတ်နိုင်ငံ မုံးလင်မြို့သို့ ခိုးဝင်သွားသော လူနှစ်ဦးတွင်COVID-19 ပိုးတွေ့ရှိခဲ့သကဲ့ သို့ ဒီဇင်ဘာ ၁၇ ရက်တွင်လည်း မိုင်းပေါက် မြို့၌ ပိုးတွေ့လူနာနှစ်ဦး ထပ်မံတွေ့ရှိခဲ့ ကြောင်း UWSA၏အရေးပေါ်သတိပေး ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုသို့ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် UWSA က ဒီဇင်ဘာ ၁၇ ရက်တွင် ထိတွေ့နီး စပ်ခဲ့သူအားလုံးကို ရှာဖွေခဲ့ရာ စုစုပေါင်း ၃၁၂ ဦးရှိခဲ့ပြီး အားလုံးကိုသီးခြား Quarantine ထားရှိထားကြောင်း UWSA ကသတင်း ထုတ်ပြန်သည်။

ထို့ပြင် အရေးပေါ်သတိပေးချက်အနေဖြင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အတွက် စည်းမျဉ်းဥပဒေများကို ဆက်လက် အကောင်အထည်ဖော်မည်ဖြစ်ပြီး UWSA ဌာနချုပ် ပန်ဆန်းတွင် ခုတင် ၃၀၀ ဆံ့သော Quarantine Center ကို ဆောက်လုပ်မည် ဖြစ်ကြောင်း UWSA က သတင်းထုတ်ပြန် သည်။

ပိုးတွေ့လူနာနှင့် ထိတွေ့နီးစပ်မှုရှိခဲ့ပါ က ၁၄ ရက်ကြာ Quarantine ဝင်ရန် သို့မ ဟုတ် Home Quarantine ဝင်ရန်နှင့် စစ် ဆေးမှုများပြုလုပ်ရန် ကျန်းမာရေးဌာနသို့ အချိန်မီသတင်းပေးပို့ရမည်ဖြစ်ပြီး မလိုက် နာသူများကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမည်ဟု UWSA က ကြေညာ သည်။

ထို့အတူ ပန်ဆန်းမြို့၊ မိုင်းပေါက်မြို့၊ မိုင်းလင်းမြို့၊ မိုင်းဖျန်မြို့၊ မိုင်းမောမြို့နှင့် နမ့် တစ်မြို့စသည့် မြို့များအတွင်း နှာခေါင်းစည်း များကို စနစ်တကျသေချာစွာ တပ်ဆင်၍ သွားလာကြရမည်ဖြစ်ပြီး “၀ “ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်းအတွင်းရှိ ကျောင်းများအားလုံးကို ဒီဇင်ဘာ ၂၀ ရက်မှစ၍ ပိတ်ထားရန် နှင့် ကျောင်းပြန်ဖွင့်မည့်ရက်ကို ပြန်လည်အကြောင်းကြားမည်ဖြစ်ကြောင်း UWSA က သတင်းထုတ်ပြန်သည်။

UWSA ၏ သတင်းထုတ်ပြန်ချက်အရ ပြည်ထောင်စုအစိုးရနယ်မြေ၊ မိုင်းလားမြို့ နှင့် ဆက်သွယ်ထားသော ဂိတ်များအား ဒီ ဇင်ဘာ ၁၇ ရက်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိ နှစ်လကြာ ပိတ်ပင်ထားမည် ဖြစ်ပြီး ကုန်ပစ္စည်းများ သယ်ယူရန်အတွက် ယခင် စည်းမျဉ်းအတိုင်း ဆက်လက်ဆောင် ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ယင်းပြင် “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်း ပန်ဆန်း -မိုင်းပေါက်၊ ပန် ဆန်း-မိုင်းလင်း၊ ပန်ဆန်း-မိုင်းမော စသည့် ဆက်သွယ်ရေးလမ်းများတွင် လူသွားလာခွင့် အား ဒီဇင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၂၅ ရက် အထိ ၁၀ ရက်ကြာ ယာယီပိတ်ပင်ထားရန် UWSA က ညွှန်ကြားထားပြီး ယာဉ်နှင့်ကုန် ပစ္စည်းများကို ယာဉ်မောင်း သို့မဟုတ် အထူး ကျန်းမာရေး လက်မှတ်ကိုင်ဆောင်ထား သော ယာဉ်မောင်းများမှတဆင့် သယ်ယူရန် UWSA ၏ သတိပေးထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မိုင်းလားမြို့သို့ သွားလာခွင့်ကို ဒီဇင် ဘာ ၁၇ ရက်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိ နှစ်လကြာ ရပ်ဆိုင်းထားရန်၊ ဆောင်းရာသီ ပြည်သူ့စစ်လေ့ကျင့်ရေး အစီ အစဉ်ကို ရပ်ဆိုင်းထားရန်၊ ရိက္ခာပစ္စည်းများ သိုလှောင်ခြင်းနှင့် ကုန်စျေးနှုန်း မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ရန် UWSA ၏ သတိပေး ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ပြီး မလိုက်နာသူများ ဒဏ်ငွေပေးဆောင်ရမည် ဟု UWSA က ကြေညာသည်။

          ထို့ပြင် ုွှဠ များကိုရေရှည်ပိတ်သိမ်း ရမည်ဖြစ်ပြီး မင်္ဂလာပွဲ၊ မွေးနေ့ပွဲအပါအဝင် ပွဲလမ်းသဘင်များနှင့် ဘာသာရေးပွဲတော် များအား ပြုလုပ်ခွင့်မပြုကြောင်းနှင့် တောင် ပိုင်းဒေသ ရောဂါထိန်းချုပ်ရေးကို တောင် ပိုင်းဒေသ၏ စည်းမျဉ်းဥပဒေအတိုင်း ဆောင်ရွက်ရန်လည်း UWSA က ကြေညာ ချက်ထုတ်ပြန်သည်။

ယခုသတိပေးချက်များကို တပ်မဟာ အသီးသီး၊ ဒေသဆိုင်ရာတရားရေးဌာန၊ ကျန်းမာရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ဌာနဆိုင် အသီးသီးမှ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့များက လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး ပြင်ပမှ ရောဂါ ဝင်ရောက်မှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းမှ ရောဂါပြန့်ပွားမှုကို ထိရောက် စွာ ကာကွယ်ရန်အတွက် ပြည်သူလူထုအနေ ဖြင့် အပြင်မထွက်ခြင်း၊ နှာခေါင်းစည်းတပ် ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်းနှင့် လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ် ကြရန် UWSA က ကြေညာခဲ့သည်။

 

Most Read

Most Recent