မပျော်တဲ့မြို့

မပျော်တဲ့မြို့
ရန်ကုန်မြို့တွင် Stay at Home သတ်မှတ်ထားမှုကို ယာဉ်မောင်းများအား အသိပညာပေးခြင်း၊ မေးမြန်းခြင်း ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
ရန်ကုန်မြို့တွင် Stay at Home သတ်မှတ်ထားမှုကို ယာဉ်မောင်းများအား အသိပညာပေးခြင်း၊ မေးမြန်းခြင်း ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
Published 10 December 2020
မောင်ကြည်

ရန်ကုန်ဟာ ပလက်ဖောင်းတွေပြောင်းလဲတပ်ဆင်ထားမှန်း ကျွန်တော်အခုမှ သတိထားမိတယ်။ ကျွန်တော်မရောက်ဖြစ်တဲ့ အတောအတွင်း ရန်ကုန်ဟာ ဝတ်စုံအသစ် လဲလိုက်သလိုပဲ။ ဒါပေမဲ့ ရန်ကုန်ဟာ သစ်သစ်လွင်လွင် မရှိလှပါဘူး။ စိတ်နွမ်းရင် ကိုယ်မလန်းတဲ့လူလို ရန်ကုန်ဟာ လန်းလန်းဆန်းဆန်းလည်း မရှိလှပါဘူး။ သူ့မြို့သူမြို့သားတွေ မပျော်မှတော့ ရန်ကုန်လည်း ဘယ်မှာပျော်ပါတော့မလဲလေ . . .

 

Most Read

Most Recent