အကြာကြီးစောင့်ခဲ့ရတဲ့ (၆)မိနစ်

အကြာကြီးစောင့်ခဲ့ရတဲ့ (၆)မိနစ်
Published 7 December 2020
Kaung Htet

စာရေးသူရဲ့တစ်ဥၤီးတည်းအမြင်အရဆိုရင်တော့ ဒီပွဲစဉ်ဟာ မျှော်လင့်ထားသလောက် ဖြစ်မလာတဲ့ စိန်ခေါ်ပွဲလို့ပဲ မြင်မိတယ်။ ဖိုက်တာ(၂) ယောက်စလုံးဟာ ဒီပွဲမှာ အနိုင်ရယ် အရှုံးရယ်ဆိုတဲ့ ပြတ်ပြတ်သားသားရလဒ်ထက် ပိုပြီးသက်သောင့်သက်သာရှိသလို ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုတဲ့ သဘောမျိုးဖြစ်တဲ့ ပူးတွဲသရေရလဒ်ဘက်ကိုပဲ သွားချင်တဲ့ပုံကို ပွဲစကတည်းက မြင်နေရတယ်။ မျှော်လင့်ထားသလို ဖြစ်မလာခြင်းရဲ့ နောက်ဆက်တွဲကို ဆက်တွေးကြည့်မယ်ဆိုရင်  ဆက်ပြီးပေါ်လာတာက စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်းထန်မှု၊ ဒီအပိုင်းမှာလည်း ထွန်းထွန်းမင်းက ရွှေရာမာန်ထက် ပိုပြီးသာလွန်နေသလို ခံစားရတယ်။ ပြောရမယ်ဆိုရင် အနာဂတ်ရဲ့ မြန်မာပြည်ချန်ပီယံလောင်းလျာလို့ မြှောက်စားထားကြတဲ့ ရွှေရာမာန်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်မှု၊ အနိုင်ရလိုမှုစတာတွေဟာ ထွန်းထွန်းမင်းထက်ပိုပြီး အသာစီးရနေရမယ့် စိန်ခေါ်ပွဲပါ။ ဒါပေမဲ့ အဲဒီလိုအရာတွေဟာ ရွှေရာမာန်ဆီမှာ ပျောက်ဆုံးနေပြီး ထွန်းထွန်းမင်းရဲ့ Game အနောက်ကို လိုက်ကစားရုံ သက်သက်ဖြစ်နေခဲ့တာကိုပဲ တွေ့ခဲ့ရပါတယ်။

 

Most Read

Most Recent