ဘွန်ဒစ်လီဂါပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 5 December 2020

ဖရိုင်းဘတ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၅ ရက်် ည ၉:၀၀ နာရီ)

ဖရိုင်းဘတ်အသင်းက ဒီရာသီ အိမ်ကွင်းနိုင်ပွဲ မရှိသေးပါဘူး။ မိုချန်ဂလာဘတ်ကလည်း ချန်ပီယံလိဂ်ပွဲကျပ်တွေအကြား ကစားရတာဖြစ်လို့ အာရုံစိုက်နိုင်ဖို့ လျော့နည်းပါတယ်။ ဖရိုင်းဘတ် အမှတ်ရလိမ့်မယ်။

ဖရန့်ဖတ် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၅ ရက်် ည ၉:၀၀ နာရီ)

ဒေါ့မွန်အသင်းက လတ်တလောမှာ အိမ်ကွင်းထက် အဝေးကွင်းစွမ်းဆောင်ရည် ပိုကောင်းနေတာ တွေ့ရတယ်။ ဆန်ချိုက ပြီးခဲ့တဲ့ရာသီကလောက် အားမကိုးရတဲ့အပြင် ဘရန့်၊ မာကိုရွိုက်စ်၊ သော်ဂန် ဟာဇက်၊ ရေနာ၊ ဘယ်လင်ဟမ်တို့နဲ့ လူစီယန်ဖာအတွက် ပိုရွေးချယ်ရခက်စေသလို၊ ဟော်လန်းလည်း ဒဏ်ရာရသွားလို့ တိုက်စစ်ပိုင်း အခက်တွေ့ရဖို့ ရှိနေပါတယ်။ ဖရန့်ဖတ်က (၆)ပွဲဆက် နိုင်ပွဲပျောက် ထားပေမဲ့ ဘိုင်ယန်တစ်သင်းတည်းကိုသာ အရေးနိမ့်ထားတာပါ။ ဒီပွဲဟာ ဒေါ့မွန်အတွက် ခက်ခဲနိုင်ပေမဲ့ နိုင်ပွဲလိုနေချိန်ဖြစ်လို့ အကောင်းဆုံးကြိုးစားလာဖို့ ရှိနေပြီး ဂိုးမပြတ်ပဲ အနိုင်ရဖို့ ရှိနေပါတယ်။

ကိုလုံး - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၅ ရက်် ည ၉:၀၀ နာရီ)

ကိုလုံးက နိုင်ပွဲစတွေ့တော့လည်း ဒေါ့မွန်လိုအသင်းကို အဝေးကွင်းမှာ အနိုင်ကစားခဲ့တယ်။ ဒီပွဲလည်း ကိုလုံး အမှတ်ဆက်ယူမယ်ထင်တယ်။

အာမီးနီးယား - မိန့်ဇ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၅ ရက်် ည ၉:၀၀ နာရီ)

အာမီးနီးယားက အရှုံးဝဲဂယက်ထဲက ရုန်းမထွက်နိုင်သေးပါဘူး။ မိန့်ဇ်ကတော့ လတ်တလောရလဒ်ပိုင်းကောင်းနေလို့ ဒီပွဲလည်း အမှတ်သေချာပေါက်ယူလိမ့်မယ်။

ဘိုင်ယန်မြူးနစ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၅ ရက်် ည ၁၂:၀၀ နာရီ)

ဘိုင်ယန်က ဒီပွဲအတွက် အက်သလက်တီကိုနဲ့ပွဲမှာတောင် အဓိကကစားသမားအများစုကို အနားပေးခဲ့ပါတယ်။ လီဝန်ဒေါစကီး၊ ကိုးမန်း၊ ဘိုတန်၊ ပါဗာနဲ့ ကိုးမန်းတို့ကို ချန်လှပ်ထားပြီး နာဘရီ၊ မူလာတို့ကို ဒုတိယပိုင်းရောက်မှ အသုံးပြုခဲ့တာကြည့်ရင် ဒီကစားသမားတွေက အခုပွဲ Line-up မှာပါလာဖို့ သေချာသလောက်ရှိနေတယ်။ လိုက်ပ်ဇစ်က  ဘိုင်ယန်လောက် အရန်အင်အားမတောင့်တင်းပေမဲ့ ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်ဆီက နှစ်ကျော့စလုံး အမှတ်ခွဲယူနိုင်ခဲ့တာကို သတိပြုရမှာပါ။ မြူးနစ်မြေဖြစ်ပေမဲ့ လိုက်ပ်ဇစ် ဂိုးပြတ်မရှုံးလောက်ဘူး။

Most Read

Most Recent