အာဆီယံထုတ်လုပ်မှုကဏ္ဍ အခြေအနေများ နိုဝင်ဘာတွင် တည်ငြိမ်လာသော်လည်း စစ်တမ်း၌ပါဝင်သည့် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်းများ အဆိုးရွားဆုံး ဆုတ်ယုတ်နေသည့် အခြေအနေဖြင့် ရင်ဆိုင်နေရ

အာဆီယံထုတ်လုပ်မှုကဏ္ဍ အခြေအနေများ နိုဝင်ဘာတွင် တည်ငြိမ်လာသော်လည်း စစ်တမ်း၌ပါဝင်သည့် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်းများ အဆိုးရွားဆုံး ဆုတ်ယုတ်နေသည့် အခြေအနေဖြင့် ရင်ဆိုင်နေရ
ကုန်ထုတ်စက်ရုံများ လည်ပတ်လျက်ရှိသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများ လည်ပတ်လျက်ရှိသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 2 December 2020
စည်သူအောင်

အာဆီယံထုတ်လုပ်မှုကဏ္ဍ အခြေအနေများ နိုဝင်ဘာလတွင် တည်ငြိမ်လာသော်လည်း စစ်တမ်း၌ ပါဝင်သည့် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက ကုန်ထုတ်လုပ်ငန်းများ အဆိုးရွားဆုံး ဆုတ်ယုတ်နေသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော နိုဝင်ဘာလ IHS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

IHS Markit ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI) နောက်ဆုံးဒေတာအရ အာဆီယံထုတ်လုပ်ရေး အခြေအနေများမှာ နိုဝင်ဘာတွင် တည်ငြိမ်လာပြီး ရှစ်လကြာ ကျဆင်းမှုကို အဆုံးသတ်လိုက်သည်။ ထုတ်လုပ်မှုသည် ဇန်နဝါရီမှစပြီး ပထမအကြိမ် တိုးလာခဲ့ရာ အော်ဒါမှာယူမှု အသစ်တစ်ဖန် တိုးရလာမှု အကြားတွင် နှစ်နှစ်ခွဲနီးပါးအတွင်း အများဆုံးနှုန်းဖြစ်သည်။ သို့ဖြစ်၍ အလုပ်နေရာ ဖြတ်တောက်ခံရမှုမှာ ကိုးလအတွင်း အညင်သာဆုံးဖြစ်ခဲ့ပြီး ခြုံပြောရလျှင် သိသာလျက်ရှိနေဆဲဖြစ်သည်။

အာဆီယံ PMI အညွှန်းကိန်းသည် အောက်တိုလာတွင် ၄၈ ဒသမ ၆ ရှိခဲ့ရာမှ နိုဝင်ဘာတွင် ကြားနေအမှတ် ၅၀ သို့ တက် လှမ်းလိုက်ပြီး အာဆီယံထုတ်လုပ်ရေးအခြေ အနေများ တည်ငြိမ်လာမှုကို အချက်ပြလိုက် ကာ မတ်လတွင် စတင်ခဲ့သည့် ရှစ်လကြာ ကျဆင်းမှုကာလကို အဆုံးသတ်လိုက်သည်။

နိုင်ငံအလိုက်ဆိုရလျှင် ပါဝင်သည့် ခုနစ်နိုင်ငံအတနက် သုံးနိုင်ငံတို့က လုပ်ကိုင်မှုအခြေအနေများ နိုဝင်လာလတွင် တိုးတက်လာကြောင်း မှတ်တမ်းတင်ခဲ့သည်။ အားအကောင်းဆုံးဦးမော့မှုကို စင်ကာပူ၌ တွေ့မြင်ရပြီး PMI အညွှန်းကိန်းသည် နှစ်လဆက်တိုက် အရေးကြီးအမှတ် ၅၀ ၏ အထက် ၅၁ ဒသမ ၇ တွင် မှတ်တမ်းတင်ခဲ့သည်။ ထိုင်းနိုင်ငံကလည်း ယခင်လနှင့်စာလျှင် တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့သော်လည်း အညွှန်း ၅၀ ဒသမ ၄ က ဒသမဂဏန်း တိုးလာမှုကို ညွှန်ပြနေသည်။ အင်ဒိုနီးရှားကလည်း တိုးတက်မှုကို မှတ်တမ်းတင်နိုင်သည့် နောက်ထပ် နိုင်ငံတစ်ခုဖြစ်ပြီး အညွှန်းကိန်း ၅၀ ဒသမ ၆ က ထုတ်လုပ်မှု အခြေအနေများ သုံးလအတွင်း ပထမဦးဆုံး တိုးတက်လာမှုကို အချက်ပြနေသည်။

အခြားနိုင်ငံများကိုကြည့်လျှင် မြန်မာနိုင်ငံက ယခင်လအညွှန်းကိန်း ၃၀ ဒသမ ၆ မှ ၄၃ ဒသမ ၂ သို့ တက်လှမ်းလိုက်ပြီး သိသာစွာ နာလန်ထူလာခဲ့သော်လည်း အခြားနိုင်ငံများနှင့်ယှဉ်လျှင် အခြေအနေများ ဆက်လက် ဆုတ်ယုတ်လာခဲ့သည်။ မလေးရှားနိုင်ငံကလည်း လေးလဆက်တိုက် ကျဆင်းမှုကို မှတ်တမ်းခဲ့ပြီး နိုဝင်ဘာ အညွှန်းကိန်း ၄၈ ဒသမ ၄ ဖြင့် နောက်ဆုံးကျဆင်းမှုမှာ လက်ရှိကာလအတွင်း အများဆုံးဖြစ်ခဲ့သည်။ ဖိလစ် ပိုင်နိုင်ငံ၏ အခြေအနေများမှာ နိုဝင်ဘာတွင် အဓိကအားဖြင့် တည်ငြိမ်လာပြီး အညွှန်းကိန်းမှာ ကြားနေအမှတ် ၅၀ ၏ အောက်နား ၄၉ ဒသမ ၉ တွင်ရှိနေသည်။ ဗီယက်နမ်၏ PMI အညွှန်းကိန်းမှာလည်း ၄၉ ဒသမ ၉ တွင်ရှိပြီး စက်တင်ဘာနှင့် အောက်တိုဘာနှစ်လ တိုးတက်ပြီးနောက်ပိုင်း တိုးတက်ရှိန် တန့်သွားခဲ့သည်။

အာဆီယံ PMI အညွှန်းကိန်း မြင့်တက် လာခြင်း၏ အဓိကအကြောင်းရင်းမှာ နှစ် ဆန်းမှစပြီး စက်ရုံထုတ်လုပ်မှုပထမအကြိမ် တိုးလာခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လမှစပြီး အမြင့် ဆုံးတိုးတက်မှုဖြစ်ခဲ့ခြင်းနှင့် အော်ဒါအသစ် များ ပြန်ပြီးတိုးရခဲ့ခြင်းဖြစ်သည်။ သို့သော် လည်း အော်ဒါမှာယူမှုပမာဏသည် ဒသမ ဂဏန်းမျှတိုးလာခြင်းဖြစ်ပြီး နိုင်ငံခြားတင်ပို့ ရမှုများ ကျဆင်းမှုနှုန်း နှေးလာသော်လည်း ဖိစီးမှုဒဏ်ကို ခံနေရဆဲဖြစ်သည်။

တစ်ချိန်တည်းတွင် ကုမ္ပဏီများက ဝန်ထမ်းဦးရေကို ဆက်လက်လျှော့ချခဲ့ကြပြီး အလုပ်နေရာ လျော့နည်းလာသည့် အခြေအနေမှာ တစ်နှစ်ခွဲအထိ ရှိလာပြီဖြစ်သော်လည်း အလုပ်နေဖြတ်တောက် ခံရသည့်နေရာများမှာ ဖေဖော်ဝါရီလမှစပြီး အနည်းဆုံး ဖြစ်ခဲ့သည်။ ဤအတောအတွင်း လက်ကျန် လုပ်ငန်းများ၏ ပမာဏ ထပ်ပြီးကျဆင်းလာရာ ကုန်ထုတ်စွမ်းအားအပေါ် ဖိစီးမှုများ အားနည်းလျက် ရှိနေဆဲဖြစ်သည်။

ဖောက်သည်များထံမှ ဝယ်လိုအား သိသာစွာ တိုးမလာသည့်အတွက် ကုမ္ပဏီများသည် နိုဝင်လာတွင် ဝယ်ကုန်များ ဝယ်ယူမှုကို ဆက်လက်ဖြတ်တောက်ခဲ့သည်။ COVID-19 ဆိုင်ရာ အရေးယူ လုပ်ဆောင်မှုများကြောင့် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ ရှေ့ဆက်အခက်အခဲများ ရင်ဆိုင်ရပြီး ဝယ်ကုန်ပေးသွင်းရန် ကြာမြင့်ချိန်များမှာ သြဂုတ်လမှစပြီး အကြာဆုံး ဖြစ်လာသည်။ စျေးနှုန်းများကို လေ့လာကြည့်လျှင် စရိတ်စကာ ငွေကြေးဖောင်းပွမှုနှုန်းသည် သြဂုတ်လမှစပြီး အများဆုံးဖြစ်ချိန်တွင် ကုမ္ပဏီများက သုံးလ အတွင်း ပထမဦးဆုံးအကြိမ် ၎င်းင်းတို့၏ပျမ်းမျှ ရောင်းစျေးများကို မြှင့်ခဲ့ကြသည်။ အနာဂတ် ကိုမျှော်မှန်းရာတွင် အာဆီယံကုန်စည် ထုတ်လုပ်သူတို့မှာ လာမည့်တစ်နှစ်အကြာတွင် ထုတ်လုပ်မှု ပြန်လည်ကောင်းမွန်မည်ဟု အကောင်းမြင်လျက် ရှိကြသော်လည်း အကောင်းမြင်စိတ်မှာ အောက်တိုဘာနှင့်စာလျှင် မသိမသာ ထိုးကျသွားခဲ့ပြီး စစ်တမ်းသမိုင်းနှင့် ဆက်စပ်ကြည့်လျှင် အားနည်းခဲ့သည်။

IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က “နိုဝင်ဘာမှာ အညွှန်းကိန်း ၅၀ မှာရှိနေတာက အခြေအနေတွေ တည်ငြိမ်ကို အချက်ပြနေပေမယ့် အခြေအနေတွေက အောက်တိုဘာထက် ပိုးဆိုးမလာတာကိုပဲ မီးမောင်းထိုးပြနေပါတယ်။ ဒီသတင်းက သတင်းကောင်းလို့ဆိုနိုင်ပြီး ရှစ်လကြာ အကျဘက် ဦးတည်မှုကို အဆုံးသတ်နိုင်ခဲ့ပေမယ့် ကပ်ရောဂါကြောင့် စီးပွားရေး ထိုးနှက်ခံခဲ့ရမှုပမာဏကို ပြန်ထူထောင်ပေးနိုင်မယ့် အုတ်မြစ်ပေါ်လာဖို့ သိသိသာသာကြီး အားထုတ်ဖို့ လိုပါသေးတယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent