ပရီးမီးယားလိဂ်တွင် ပြန်ကစားရန် ဆန္ဒရှိကြောင်း ကော်တင်ဟို ပြောကြား

ပရီးမီးယားလိဂ်တွင် ပြန်ကစားရန် ဆန္ဒရှိကြောင်း ကော်တင်ဟို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 1 December 2020

ဘာစီလိုနာအသင်း၏ ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုက ပရီးမီးယားလိဂ်တွင် ပြန်ကစားရန် ဆန္ဒရှိကြောင်း World Soccer မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုသည် ပရီးမီးယားလိဂ်ထိပ်သီးကလပ် လီဗာပူးလ်အသင်းတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကစားခဲ့သူဖြစ်သည်။ 

ယင်းနောက် ကော်တင်ဟိုသည် ၂၀၁၈ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် လီဗာပူးလ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပေါင် (၁၄၂)သန်း(Adds-on ကြေးများအပါအဝင်)ဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ 

ကော်တင်ဟိုသည် ဘာစီလိုနာအသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရဆဲဖြစ်ပြီး အနာဂတ်တွင် လီဗာပူးလ်အသင်းတွင် ပြန်ကစားခွင့်ရလျှင် ကျေနပ်မိမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကော်တင်ဟိုက "ပရီးမီးယားလိဂ်ဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံးလိဂ်တွေထဲက တစ်ခုပါ။ ဒီပြိုင်ပွဲက လီဗာပူးလ်လိုအသင်းမှာ ပြန်ကစားခွင့်ရမယ်ဆိုရင် တကယ်ကျေနပ်စရာကောင်းမှာပါ။ အနာဂတ်မှာ ဘာတွေ ဖြစ်လာမယ်၊ ဖြစ်မလာဘူးဆိုတာ ဘယ်သူမှ ကြိုပြောလို့ မရပါဘူး။ ဒါပေမဲ့ အခုတော့ ဘာစီလိုနာအသင်းနဲ့ အောင်မြင်မှုရယူနိုင်ဖို့ကိုပဲ ပစ်မှတ်ထားနေပါတယ်"ဟု ပြောကြားခဲ့သည်။

ကော်တင်ဟိုသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၉)ပွဲကစားထားပြီး (၃)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent