ဘွန်ဒစ်လီဂါပွဲစဉ် (၇)ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၇)ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 8 November 2020

ဝုလ်ဖ်ဘတ် နှင့် ဟော်ဖန်ဟင်မ် (၈-၁၁-၂၀၂၀ ည ၉:၀၀ နာရီ)

ဝုလ်ဖ်ဘတ်အသင်းက ရာသီအဖွင့်(၆)ပွဲမှာ (၅)ပွဲအထိ အမှတ်ခွဲယူခဲ့ရပြီး သရေပွဲတွေနဲ့ ပျော်မွေ့နေတုန်းပဲ။ ဟော်ဖန်ဟင်မ်က (၄)ပွဲဆက်နိုင်ပွဲပျောက်ထားပေမဲ့ ဒီပွဲတော့ အမှတ်မျှော်လင့်ခွင့်ရှိတယ်။

လေဗာကူဆင် နှင့် မိုချန်ဂလာဘတ် (၈-၁၁-၂၀၂၀ ည ၁၁:၃၀ နာရီ)

လတ်တလော ရလဒ်ကောင်းနေတဲ့ အသင်း(၂)သင်းတွေ့ဆုံကြတာဖြစ်လို့ ဆွဲဆောင်မှုတော့ရှိနေတယ်။ လေဗာကူဆင်တိုက်စစ်ရဲ့ No.9 Role ကို အလာရီယိုက သွင်းဂိုးတွေနဲ့ သက်သေပြပြီး အပိုင်ရယူထားလိုက်နိုင်ပြီ။ လေဗာကူဆင်က ဒီနေရာသာမကဘဲ ရှေ့၊ လယ်၊ နောက် နေရာစုံမှာ အထိုင်ကျလာပြီး ဂဏန်းငြိမ်နေတာတွေ့ရတယ်။ မိုချန်ဂလာဘတ်ကတော့ ပြိုင်ပွဲစုံ(၈)ပွဲဆက် ရှုံးပွဲမရှိကစားထားရာမှာ အင်တာ၊ ရီးယဲလ်နဲ့ လိုက်ပ်ဇစ်တို့လိုအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာကိုတော့ ထည့်တွက်ရမယ်ထင်တယ်။ မိုချန်ဂလာဘတ်ကိုပဲ ရွေးချင်တယ်။

Most Read

Most Recent