ကနူး/ကယက်အမျိုးအစားအတွက် တရုတ်နည်းပြတစ်ဦးခေါ်ယူရန် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် စီစဉ်

ကနူး/ကယက်အမျိုးအစားအတွက် တရုတ်နည်းပြတစ်ဦးခေါ်ယူရန် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် စီစဉ်
Photo: EMG
Photo: EMG
Published 1 November 2020

ဗီယက်နမ်အိုလံပစ်ကော်မတီက ထုတ်ပြန်ထားသည့် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ထည့်သွင်းကျင်းပမည့် အားကစားနည်းများတွင် မြန်မာလှေအဖွဲ့အားသာသည့် ရိုးရာလှေပြိုင်ပွဲ အမျိုးအစားမပါဝင်သဖြင့် ကနူး/ ကယက်နှင့် အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲ အမျိုးအစားအတွက်သာ လေ့ကျင့်ပြင်ဆင်ရမည်ဖြစ်သည်။ 

မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သည် ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်ပါက ကနူး/ကယက်အမျိုး အစားအတွက် တရုတ်နည်းပြတစ်ဦး ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

ဗီယက်နမ်အိုလံပစ်ကော်မတီက ထုတ်ပြန်ထားသည့် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ထည့်သွင်းကျင်းပမည့် အားကစားနည်းများတွင် မြန်မာလှေအဖွဲ့အားသာသည့် ရိုးရာလှေပြိုင်ပွဲ အမျိုးအစားမပါဝင်သဖြင့် ကနူး/ ကယက်နှင့် အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲ အမျိုးအစားအတွက်သာ လေ့ကျင့်ပြင်ဆင်ရမည်ဖြစ်သည်။ 

"စခန်းဝင်လေ့ကျင့်မှုတွေ ပြုလုပ်ချင်နေပြီဖြစ်ပေမဲ့ ကပ်ရောဂါအနေအထားကြောင့် လေ့ကျင့်လို့မရသေးပါဘူး။ လေ့ကျင့်လို့ မရသေးပေမဲ့ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြင်ဆင်လိုတဲ့အစီအစဉ်တွေကိုတော့ ရေးဆွဲထားပါတယ်။ ရိုးရာလှေက မပါဝင်ဖို့များတဲ့အတွက် ကျန်တဲ့အပြည်ပြည်ဆိုင်ရာ လှေနဲ့ ကနူး/ကယက်အတွက်ပဲ ပြင်ဆင်ရမှာပါ။ ကနူး/ကယက်အတွက် တရုတ်နည်းပြ တစ်ဦး ငှားရမ်းမှာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာလှေအတွက်တော့ ပြည်တွင်းနည်းပြ နဲ့ပဲ လေ့ကျင့်ဖို့ များပါတယ်။ ကပ်ရောဂါအခြေအနေကြောင့် ပြည်ပက နည်းပြတွေငှားရမ်းရတာ အခက်အခဲရှိပါတယ်" ဟု မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ပြောကြားခဲ့သည်။

မြန်မာလှေလှော်အဖွဲ့ခေါ်ယူမည့် ကနူး /ကယက် တရုတ်နည်းပြမှာ ပြီးခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင်လည်း တာဝန်ယူဆောင်ရွက်ခဲ့ဖူးပြီး ထပ်မံခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။ မြန်မာလှေလှော်အဖွဲ့သည် ၂၀၁၉ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ$ ကျင်းပခဲ့သည့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကနူး/ကယက်ပြိုင်ပွဲအမျိုးအစားမှ ငွေတံဆိပ်နှစ်ခုရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent