ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ချမှတ်ထားသည့်စည်းမျဉ်းကို စီရော်နယ်လ်ဒို ချိုးဖောက်ခဲ့သည်ဟု အီတလီအားကစားဝန်ကြီး ဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမည်

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ချမှတ်ထားသည့်စည်းမျဉ်းကို စီရော်နယ်လ်ဒို ချိုးဖောက်ခဲ့သည်ဟု အီတလီအားကစားဝန်ကြီး ဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမည်
Photo: C.Ronaldo Twitter
Photo: C.Ronaldo Twitter
Published 27 October 2020

ဂျူဗင်တပ်စ်အသင်း၏ တောင်ပံကစားသမား စီရော်နယ်လ်ဒိုသည် လက်ရွေးစင်အသင်းတာဝန်အတွက် သွားရောက်ခဲ့စဉ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းတွေ့ရှိရသဖြင့် အီတလီသို့ ပြန်လာခဲ့ရာတွင် ကိုရိုနာဗိုင်းရပ်စ်အတွက်ချမှတ်ထားသည့် စည်းမျဉ်းကို ချိုးဖောက်ခဲ့သည်ဟုဆိုကာ စုံစမ်းစစ်ဆေးမှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းသိရသည်။

အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက စီရော်နယ်လ်ဒိုသည် နေအိမ်သို့ ပြန်လာရာတွင် ချမှတ်ထားသည့် စည်းမျဉ်းများအပေါ် လေးစားမှုမရှိဟု ဆိုခဲ့ပြီး၊ ဥပဒေဆိုသည့် အရာမှာ မည်သူ့အတွက်မျှအထူးခွင့်ပြုချက်ပေးမထားကြောင်း ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် အီတလီရှိနေအိမ်သို့ ပြန်လာရာတွင် ဆေးဘက်အထောက်အကူပြု အထူးရဟတ်ယာဉ်ဖြင့် ပြန်လာခဲ့ခြင်းဖြစ်ပြီး စပါဒါဖိုရာ ကမူ "ကျွန်တော်တို့က ဒါကို တားမြစ်ထားပါတယ်။ ကျန်းမာရေးအာဏာပိုင်တွေဆီက ခွင့်ပြုချက်မရှိဘူးဆိုရင် ကိုယ့်သဘောနဲ့ကိုယ် ပြန်ချင်တိုင်း ပြန်လို့မရပါဘူး။ ရောဂါကူးစက်ခံရသူတစ်ဦးက ကိုယ့်အိမ်ကိုယ်ပြန်မယ်ဆိုရင် လုပ်ရမယ့် လုပ်ထုံးလုပ်နည်း တွေရှိပါတယ်။ ဒါကို အားလုံးက လေးစားလိုက်နာရမှာဖြစ်ပြီး ဘယ်သူ့အတွက်မှအထူးခွင့်ပြုပေးထားတာမရှိပါဘူး" ဟု အီတလီသတင်းဌာနတစ်ခုဖြစ်သည့် Radio Tre သို့ ပြောကြားသွားခဲ့သည်။

စီရော်နယ်လ်ဒိုကမူ "ကျွန်တော် နေ့ရက်တိုင်းကို ဥပဒေအတိုင်းအပြည့်အဝလိုက်နာပြီး ဖြတ်သန်းနေပါတယ်။ ဘယ်စည်းကမ်း၊ ဥပဒေကိုမှ ချိုးဖောက်ထားတာမရှိပါဘူး။ အထူးဆေးဘက်ရဟတ်ယာဉ်နဲ့ ပြန်တဲ့အချိန်မှာလည်း ဘယ်သူနဲ့မှ ထိတွေ့ခဲ့တာမရှိပါဘူး"ဟု ဆိုခဲ့သည်။

Most Read

Most Recent