ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်ရပ်ကွက်များသို့ သား၊ ငါး၊ စားသောက်ကုန်များ လှည့်လည်ရောင်းချမည့်အစီအစဉ် ယနေ့ စတင်မည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်ရပ်ကွက်များသို့ သား၊ ငါး၊ စားသောက်ကုန်များ လှည့်လည်ရောင်းချမည့်အစီအစဉ် ယနေ့ စတင်မည်
Published 25 October 2020
နီလာ

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုအရ မြို့နေပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေး၊ မိမိတို့နေအိမ်မှ ကွာဝေးသောစျေးများသို့ သွားရောက် ဝယ်ယူခြင်းမပြုသည့်အတွက် ကူး စက်ရောဂါပြန့်ပွားမှုမှ အထိုက်အလျောက် ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သားငါးစားသောက်ကုန်များအား မိမိတို့ရပ်ကွက်အတွင်း ဝယ်ယူရရှိနိုင်စေရေးတို့ကို ရည်ရွယ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တို့ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်း များက မြို့နယ်ရပ်ကွက်များအရောက် လှည့် လည်စျေးရောင်းခြင်း အစီအစဉ်ကို အောက် တိုဘာ ၂၆ ရက် (ယနေ့) မှစ၍ စတင်ရောင်း ချပေးမည်ဖြစ် ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ သိရသည်။

     ရှေ့ပြေးစမ်းသပ်ကာလအဖြစ် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကင်းမြို့ နယ်ရှိ ရွှေအုန်းပင်အိမ်ရာ၊ ရွှေအင်ကြင်းအိမ် ရာများ၊ ဒဂုံမြောက် မဟာမြိုင်အိမ်ရာ ၊ တာ မွေမြို့နယ် ကျောက်မြောင်းရပ်ကွက် အာ သောက၊ ကျားကွက်သစ်လမ်း၊ အောင်မင်္ဂလာလမ်းနှင့် အောင်မင်္ဂလာအိမ်ရာ၊ သီတာ လမ်း၊ တာမွေမအူကုန်း၊ ညနေပိုင်းတွင် ရန်ကင်း ကန်ဘဲ့စည်ပင်အိမ်ရာဝင်း၊ လယ်ဆည် ဝန်ထမ်းအိမ်ရာ၊ ဟိုတယ်ခရီး ဝန်ထမ်းအိမ်ရာ၊ တာမွေကြီးတာမွေလေး၊ မြောက်ဒဂုံ ဗိုလ်ဗထူးအိမ်ရာနှင့် မြို့နယ်အတွင်း လမ်းမ ကျယ်များပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးနှင့် မြို့နယ်စည်ပင်သာယာ ရေးတို့၏ စီမံခန့်ခွဲမှုဖြင့် စတင်ရောင်းချ မည်ဖြစ်‌ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက်တွင်လည်း သာကေတမြို့နယ်၊ ဒေါပုံ၊ ရန်အောင်မာန် အောင်၊ တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်း၊ အ ရှေ့ဒဂုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်များ တွင် ဆက်လက်ရောင်းချသွားမည်ဟု သိရ သည်။

ထိုသို့ နေ့စဉ်ရောင်းချသွားမည့်အစီအစဉ်များကို ကုန်သည်စက်မှုအသင်းချုပ်၏ Facebook Page မှလည်းကောင်း၊ သက် ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး ကော်မ တီရုံးများမှလည်းကောင်း၊ ရပ်ကွက်အုပ်ချုပ် ရေးရုံးများမှ အများပြည်သူသိရှိစေရန် ကြေ ညာဆောင်ရွက်မည်ဖြစ်သည်။

လက်လီရောင်းချပေးမည့် စားသောက် ကုန်များမှာ ကြက်သား (CP) ၊ ဝက်သား၊ အမဲ သား၊ ဆိတ်သား၊ အသင့်ထုပ်ပိုးပြီး ရေချို/ရေငန်ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ ၊ ဟင်းသီး ဟင်းရွက်မျိုးစုံများဖြစ်ပြီး သက်သာ သောစျေး နှုန်းများဖြင့် နေ့စဉ်စျေးကားနှင့် လှည့်လည် ရောင်းချပေးမည်ဖြစ်ပြီး လူတန်း စားမရွေး ဝယ်ယူနိုင်မည့် အလေးချိန် အရွယ်အစားများကို သက်သာသော စျေး နှုန်းများဖြင့် လက်လီ ရောင်းချပေးမည်ဟု သိရသည်။