ဒဏ်ရာကြောင့် အနားယူနေရသည့် ဟာဇက် နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်ပြီးမှ ဘောလုံးပြန်ကစားနိုင်မည်

ဒဏ်ရာကြောင့် အနားယူနေရသည့် ဟာဇက် နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်ပြီးမှ ဘောလုံးပြန်ကစားနိုင်မည်
Published 22 October 2020

ဒဏ်ရာကြောင့် အနားယူနေရသည့် ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဟာဇက်သည် လာမည့် နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်ပြီးမှ အသင်းပွဲစဉ် များတွင် ပြန်လည်ကစားနိုင်မည်ဟု Marca သတင်းစာက ဖော်ပြခဲ့သည်။

ဟာဇက်သည် ပြီးခဲ့သည့်စက်တင်ဘာ ၂၉ ရက်က အသင်းနှင့်လေ့ကျင့်ဆန်းပြန်ဆင်းခဲ့သော်လည်း ကြွက်သားပိုင်းဆိုင်ရာပြဿနာရှိခဲ့ပြီး ထပ်မံအနားယူခဲ့ရခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကလည်း ဟာဇက်၏ဒဏ်ရာမှာ ၎င်းတို့မျှော်လင့်ထားသည်ထက် ပိုမိုကြာရှည်စွာ အနားယူရမည်ဟု ဝန်ခံခဲ့စည်။

ပြီးခဲ့သည့်အပတ်က Marca တွင် ရေးသားခဲ့သည့်သတင်း၌မူ ဟာဇက်သည် ဘာစီလိုနာအသင်းနှင့်ကစားမည့် El Clasico ပွဲကို လွဲချော်မည့်အပြင် အနည်းဆုံး သုံးပတ်ခန့် အနားယူရမည်ဟု ဖော်ပြခဲ့ပြီး ယခုအခါ နိုင်ငံတကာရက်သတ္တပတ်ပြီးမှသာ အသင်းနှင့်ပြန်လည်ပူးပေါင်းနိုင်ဖွယ်ရှိကြောင်း သိရသည်။

၂၀၁၉ နွေရာသီကာလတွင် ရီးယဲလ်အသင်းသို့ ရောက်ရှိလာသည့် ဟာဇက်မှာ ဒဏ်ရာပြဿနာများကြောင့် ၂၃၃ ရက်ကြာ အနားယူခဲ့ရပြီး ပြီးခဲ့သည့်ရာသီအစပွဲစဉ်ဖြစ်သည့် ဆယ်လ်တာဗီဂိုနှင့်ကစားခဲ့သည့်ပွဲမှ စတွက်လျှင် သူ၏အနားယူရမှုမှာ ၅၄ ဒသမ ၁၃ ရာခိုင်နှုန်းရှိသည်။

ဟာဇက်သည် ရီးယဲလ်အသင်းသို့ ပြီးခဲ့သည့်နွေရာသီက ရောက်ရှိလာပြီးနောက် ပြိုင်ပွဲစုံ (၂၂)ပွဲသာကစားရကာ (၁)ဂိုးသွင်းယူနိုင်ခဲ့သည်။

 

 

Most Read

Most Recent