အဂွဲရိုးအနေဖြင့် မန်စီးတီးအသင်းတွင်ဆက်ကစားရန် ထိုက်တန်မှုကို ပြသရမည်ဟု ဂွါဒီယိုလာ သတိပေး

အဂွဲရိုးအနေဖြင့် မန်စီးတီးအသင်းတွင်ဆက်ကစားရန် ထိုက်တန်မှုကို ပြသရမည်ဟု ဂွါဒီယိုလာ သတိပေး
Photo: Getty Images
Photo: Getty Images
Published 21 October 2020

အာဂျင်တီးနားနာမည်ကြီး တိုက်စစ်မှူး အဂွဲရိုးအနေဖြင့် မန်စီးတီးအသင်းအတွက် ဆက်လက်ကစားခွင့်ရရန်အတွက် ထိုက်တန်မှုရှိကြောင်းကို ပြသရန်လိုအပ်ကြောင်း အသင်းနည်းပြ ဂွါဒီယိုလာက သတိပေးခဲ့သည်။ 

ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် အဂွဲရိုးသည် ဒူးဒဏ်ရာကြောင့် (၄)လကြာ အနားယူခဲ့ရပြီးနောက် မန်စီးတီး (၁-ဝ) အာဆင်နယ်ပွဲတွင်မှ ပထမဆုံးပြန်လည်ကစားခဲ့သည်။

    

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသက် (၃၂) နှစ်အရွယ်ရှိ အဂွဲရိုး၏ခြေစွမ်းကို သူ့အနေဖြင့် သံသယမရှိသော်လည်း ကလပ်အသင်းတွင်ရှိသည့် ကစားသမားတိုင်းအတွက် စာချုပ်သစ်ချုပ်ဆိုရန် သက်သေပြရမှုများကို ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ဆာဂျီယို(အဂွဲရိုး)က ကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ ပြန်လာတယ်။ သူ့ရဲ့ပုံစံမှန်ကို ပြန်ရဖို့၊ ဒဏ်ရာတွေ များများစားစားမရဖို့နဲ့ ကစားပုံကောင်းဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ သူ့ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ အသိအမှတ်ပြုထားတယ်ဆိုတာ အားလုံးသိပါတယ်။ ဒါပေမဲ့ အခုချိန်မှာ ကျွန်တော် တို့ရဲ့ကစားသမားတိုင်းလိုပဲ သက်သေပြဖို့ လိုပါတယ်။ ကစားပုံကောင်းမွန်မှု၊ နိုင်ပွဲတွေ ဆောင်ကြဉ်းပေးနိုင်မှု စတဲ့အချက်တွေနဲ့ ဒီမှာဆက်လက်ကစားဖို့ ထိုက်တန်ကြောင်း  ပြသရပါမယ်။ ပြီးတော့မှ ကလပ်အသင်းနဲ့ ကျွန်တော်က ဆုံးဖြတ်ပါမယ်"ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။ 

အဂွဲရိုးသည် ၂၀၁၁ ခုနှစ်ကတည်းက မန်စီးတီးအသင်းသို့ ရောက် ရှိလာပြီး အသင်း၏ဂိုးသွင်းအများဆုံးအပါအဝင် စံချိန်များစွာ ပိုင်ဆိုင်ထားသူဖြစ်သည်။