ရိုမဲရိုးအပေါ် အသင်း၏  ဆက်ဆံပုံကို မန်ယူ ကစားသမားများ စိတ်ပျက်

ရိုမဲရိုးအပေါ် အသင်း၏  ဆက်ဆံပုံကို မန်ယူ ကစားသမားများ စိတ်ပျက်
Published 15 October 2020

ရိုမဲရိုးသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှထွက်ရန် စီစဉ်ခဲ့သော်လည်း မန်ယူအသင်းက ၎င်းအတွက်ပြောင်းရွှေ့ ကြေးပေါင် (၁၀)သန်းခန့် အလိုရှိနေသဖြင့် အသင်းမပြောင်းဖြစ်ဘဲ မန်ယူ၌သာ ဆက်ရှိနေရသည်။ 

မန်ယူအသင်းမှ ကစားသမားအများစုသည် ၎င်းတို့၏အသင်းဖော် ရိုမဲရိုးအပေါ် မန်ယူအသင်းတာဝန်ရှိသူများ၏ ဆက်ဆံမှုနှင့် ကိုင်တွယ်ပုံများကို စိတ်ပျက်လျက်ရှိနေကြောင်း ESPN သတင်းဌာနကဖော်ပြခဲ့သည်။ 

ရိုမဲရိုးသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှထွက်ရန် စီစဉ်ခဲ့သော်လည်း မန်ယူအသင်းက ၎င်းအတွက်ပြောင်းရွှေ့ ကြေးပေါင် (၁၀)သန်းခန့် အလိုရှိနေသဖြင့် အသင်းမပြောင်းဖြစ်ဘဲ မန်ယူ၌သာ ဆက်ရှိနေရသည်။ 

အဲဗာတန်အသင်းသည် ရိုမဲရိုးအတွက် တစ်ရာသီငှားရမ်းခယူရို(၂)သန်းနှင့် ၎င်း၏ တစ်ပတ်လုပ်ခပေါင်(၁)သိန်းအပြည့်အား ပေးချေကာ ခေါ်ယူရန် ပြင်ဆင်ခဲ့သော်လည်း မန်ယူအသင်းက ပယ်ချခဲ့သည်။

သင့်လျော်သည့်ကမ်းလှမ်းမှုများ လက်ခံရရှိခဲ့သော်လည်း ပြောင်းရွှေ့ကြေးရလိုမှုကြောင့် ရိုမဲရိုးအား လက်မလွှတ်ပေးသည့် မန်ယူအသင်းအား ရိုမဲရိုး၏ဇနီးဖြစ်သူကလည်း Instagram မှတစ်ဆင့် ဝေဖန်ခဲ့သေးသည်။

အသင်း၏ ချန်ပီယံလိဂ်လူစာရင်းတွင် ပါဝင်ခွင့်မရဘဲ ချန်လှပ်ခံခဲ့ရသူ ရိုမဲရိုးကို မန်ယူအသင်းဖော်များက ကရုဏာသက် လျက်ရှိနေကြကြောင်း ESPN က ဖော်ပြခဲ့သည်။

Most Read

Most Recent