လီဗာပူးလ်တွင် ဆက်နေရန် မိမိကိုယ်တိုင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်မည်ဟု ရှာကီရီ ပြောကြား

လီဗာပူးလ်တွင် ဆက်နေရန် မိမိကိုယ်တိုင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်မည်ဟု ရှာကီရီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 14 October 2020

လီဗာပူးလ်တောင်ပံကစားသမား ရှာကီရီက အသင်းတွင်ဆက်နေရန် မိမိကိုယ်တိုင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၉)နှစ်အရွယ်ရှိ ဆွစ်ဇာလန်တောင်ပံကစားသမား ရှာကီရီသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် လီဗာပူးလ်အသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်ခဲ့သူဖြစ်သည်။ 

လီဗာပူးလ်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ရှာကီရီက မိမိအနေဖြင့် အသင်းတွင် ဆက်နေရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။ 

ရှာကီရီက "ဘောလုံးလောကမှာ အပြောင်းအရွှေ့သတင်းတွေက အမြဲတမ်းရှိနေသလို၊ ကစားသမားတွေအနေနဲ့လည်း ကိုယ့်အခြေအနေကို ကိုယ် ပြန်သုံးသပ်လေ့ရှိပါတယ်။ ဒါက သဘာဝပါပဲ။ ကျွန်တော်လည်း စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းမှာ ဆက်နေဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီး လီဗာပူးလ်အသင်းမှာ နေရာရဖို့ တိုက်ပွဲဝင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

ရှာကီရီသည် ယခုရာသီတွင် လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပါဝင်ကစားခွင့်မရသေးဘဲ လိဂ်ဖလားပွဲစဉ် (၁)ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ထားပြီး (၁)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent