ဆွာရက်ဇ်ကို မိမိအလိုရှိသော်လည်း ကလပ်အသင်း၏ ဆန္ဒကြောင့်သာ ထွက်ခွာစေခဲ့ခြင်းဖြစ်ကြောင်းနှင့် မက်ဆီကိုလည်းရှင်းပြခဲ့သည်ဟု ကိုးမန်းဆို

ဆွာရက်ဇ်ကို မိမိအလိုရှိသော်လည်း ကလပ်အသင်း၏ ဆန္ဒကြောင့်သာ ထွက်ခွာစေခဲ့ခြင်းဖြစ်ကြောင်းနှင့် မက်ဆီကိုလည်းရှင်းပြခဲ့သည်ဟု ကိုးမန်းဆို
Photo: Getty Images
Photo: Getty Images
Published 13 October 2020

ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ ရော်နယ်လ်ကိုးမန်းက သူနှင့် လူးဝစ်ဆွာရက်ဇ်တု့ိကြားတွင် မည်သည့် ပြဿနာမျှမရှိကြောင်း၊ ဆွာရက်ဇ်ကို မိမိက အသင်းတွင်ဆက်ထားလိုသော်လည်း အသင်း၏ ဆန္ဒကြောင့်သာ ထွက်ခွာစေခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆွာရက်ဇ်ထွက်ခွာရခြင်းအကြောင်းကို မက်ဆီကိုလည်းရှင်းပြခဲ့သည်ဟု ပြောကြားခဲ့သည်။

ရော်နယ်လ်ကိုးမန်းက "ဆွာရက်ဇ်ကိစ္စက ကျွန်တော့်အတွက် အရမ်းခက်ခဲခဲ့ပါတယ်။ သူ့ကို ပွဲထွက်ခွင့် ပေးဖို့က အရမ်းခက်ခဲလာပြီး၊ ဒါဟာ ကလပ်အသင်းရဲ့ သဘောထားလည်း ဖြစ်ပါတယ်။ ကျွန်တော် သူ့အကြောင်းကိုသိပါတယ်။ သူ့အတွက်လည်း ဘာစီလိုနာမှာ ဆက်ရှိနေရင် ခက်ခဲနိုင်ပါတယ်။ ဆွာရက်ဇ်က လေ့ကျင့်ခန်း ကောင်းကောင်းလုပ်တယ်၊ ပြင်းပြင်းထန်ထန်ကိုလုပ်ပါတယ်။ နောက်ဆုံးတော့ ဘာစီလိုနာကနေ သူထွက်ခွာတော့မယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ တကယ်တော့ ကျွန်တော်က သူ့ကို တိုက်တွန်းခဲ့တာပါ။ ဒီအသင်းမှာ မင်းဆက်ရှိနေမယ်ဆိုရင် ဘာကြောင့် ဆက်ရှိနေချင်တာလဲ။ အဲဒီအစား တခြားတစ်သင်းသင်းကိုသွားပြီး ငါတို့မှားကြောင်း သက်သေပြတာက ပိုကောင်းတယ်လို့ ပြောခဲ့တာပါ" ဟု ဆိုခဲ့သည်။

ထို့ပြင်ဆွာရက်ဇ်ကို ထွက်ခွာစေခဲ့ခြင်းအတွက် ဒေါသထွက်နေသည့်မက်ဆီနှင့် ပတ်သက်၍လည်း  "ကျွန်တော်မက်ဆီနဲ့ စကားပြောခဲ့ပါတယ်။ ဆွာရက်ဇ်ကို ထွက်ခွင့်ပေးခဲ့လို့ သူ စိတ်ပျက်နေတာကို ကျွန်တော်သိပါတယ်။ သူ့ကိုထွက်ခွင့်ပေးခဲ့ခြင်းဟာ ရှက်စရာကောင်းပါတယ်။ ဒါပေမဲ့ ဒါက ကလပ်ရဲ့ရွေးချယ်မှုဖြစ်တဲ့ အကြောင်းကျွန်တော်ရှင်းပြခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။