ချန်ပီယံလိဂ်ပွဲစဉ်များကို လေ့ကျင့်ရေးကွင်းဖြစ်သည့် ဒီစတီဖာနိုကွင်းတွင် ရီးယဲလ်အသင်း ကစားခွင့်ရရှိ

ချန်ပီယံလိဂ်ပွဲစဉ်များကို လေ့ကျင့်ရေးကွင်းဖြစ်သည့် ဒီစတီဖာနိုကွင်းတွင် ရီးယဲလ်အသင်း ကစားခွင့်ရရှိ
Photos : Getty Images
Photos : Getty Images
Published 11 October 2020

ယခုအခါ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ရီးယဲလ်အသင်းအား ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်များကို  ပရိသတ် (၆၀၀၀)သာ ဝင်ဆံ့သည့် ဒီစတီဖာနိုကွင်းတွင် ကစားခွင့်ပြုခဲ့ ကြောင်း သိရှိရသည်။ 

ရီးယဲလ်အသင်းသည် ၂၀၂၀- ၂၁ ရာသီ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များကို အသင်းလေ့ကျင့်ရေးကွင်းဖြစ်သည့် ဒီစတီဖာနိုကွင်းတွင် ကစားခွင့်ရရှိခဲ့ကြောင်း သိရသည်။ 

ရီးယဲလ်အသင်းသည် ဘာနေဗျူးကွင်းကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေခြင်းကြောင့် ၂၀၁၉-၂၀ ရာသီ Restart ကာလကတည်းက ဒီစတီဖာနိုကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ရီးယဲလ်အသင်းအား ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်များကို  ပရိသတ် (၆၀၀၀)သာ ဝင်ဆံ့သည့် ဒီစတီဖာနိုကွင်းတွင် ကစားခွင့်ပြုခဲ့ ကြောင်း သိရှိရသည်။ 

ရီးယဲလ်အသင်းသည် ၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် အုပ်စု (B)၌ အင်တာမီလန်၊ မိုချန်ဂလာဘတ်၊ ရှက်တာဒိုးနက်အသင်းတို့နှင့်အတူ ကျရောက်လျက်ရှိသည်။ ရီးယဲလ်အသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲအဖြစ် အောက်တိုဘာ (၂၁)ရက်တွင် ရှက်တာဒိုးနက်ကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။ 

Most Read

Most Recent