နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်

နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်
Photo: EPA
Photo: EPA
Published 9 October 2020

ဂျပန် - ကင်မရွန်း (မြန်မာစံတော်ချိန် အောက်တိုဘာ ၉ ရက်၊ ညနေ ၆:၃၀ နာရီ)

ဂျပန်က အခုနိုင်ငံတကာရက်သတ္တပတ် ခြေစမ်းပွဲ(၂)ပွဲ စလုံးကို နယ်သာလန်နိုင်ငံ၊ အူလ်ထရက်ချ်မှာ အခြေစိုက်ပြီး ခြေစမ်းကစားတာပါ။ ဒါကြောင့် ဥရောပရောက် ဂျပန်ကစားသမားတွေပဲ ရွေးချယ်ထားပြီး နာဂါတိုမို၊ အိုကာဇာကီတို့ကတော့ ဒဏ်ရာကြောင့် လူစာရင်းကနေ နုတ်ထွက်ထားပါတယ်။ ကင်မရွန်းကိုမရှုံးဖူးသေးတဲ့ ဂျပန် အခုပွဲလည်း မရှုံးနိုင်ဘူး။

တူနီးရှား - ဆူဒန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၉ ရက်၊ ည ၁၀:၃၀ နာရီ)

နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ခြေစမ်းပွဲတွေမှာတော့ တူနီးရှားအသင်းက ဂိုးပြတ်အနိုင်ကစားခဲ့တာတွေ့ရတယ်။ ဒီပွဲလည်း အိမ်ကွင်းဖြစ်လို့ တူနီးရှား ဖိဖိစီးစီးကစားပြီး ဂိုးပြတ်အနိုင်ယူဖို့ များတယ်။

မာလီ - ဂါနာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၉ ရက်၊ ည ၁၁:၃၀ နာရီ)

ဥရောပမှာပဲ ခြေစမ်းကစားတာဖြစ်လို့ နှစ်သင်းစလုံးအတွက် အိမ်ကွင်းအားသာချက်မရှိပါဘူး။ မာလီအသင်းမှာ ဂါနာလောက် တစ်ဦးကောင်းကစားသမားတွေမများပေမဲ့ စိတ်ဓာတ် ပိုကောင်းတာ ထည့်တွက်ရမယ်။ မာလီကို ကြိုက်တယ်။

မော်ရိုကို - ဆီနီဂေါ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၀ ရက်၊ နံနက် ၀၀:၃၀ နာရီ)

ဆီနီဂေါအသင်းမှာ မာနေ ကစားဖို့မရှိပေမဲ့ ကစားသမားပိုင်းက အင်အားတောင့်ပါတယ်။ မော်ရိုကိုအသင်းကလည်း ပြည်ပရောက်တွေကို အများစုခေါ်ထားပြီး အိမ်ကွင်းလည်းဖြစ်လို့ မရှုံးနိုင်ပါဘူး။

နိုင်ဂျီးရီးယား - အယ်လ်ဂျီးရီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၀ ရက်၊ နံနက် ၁:၀၀ နာရီ)

အခုပွဲကို ဩစတြီးယားနိုင်ငံက Jacques Leman ကွင်းမှာ ကစားဖို့စီစဉ်ထားပါတယ်။ နိုင်ဂျီးရီးယားအသင်းမှာ အိုဆင်ဟန်၊ အန်ဒီဒီတို့မပါဝင်ပေမဲ့ ကစားသမားအင်အားက အထိုက်အလျောက်တောင့်တင်းပါတယ်။ အယ်လ်ဂျီးရီးယားကတော့  နိုင်ဂျီးရီးယားထက် စုဖွဲ့မှု ပိုကောင်းပါတယ်။ အယ်လ်ဂျီးရီးယား အနိမ့်ဆုံးသရေပါပဲ။

*ကင်ညာ - ဇမ်ဘီယာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၉ ရက်၊ ည ၇:၃၀ နာရီ)

မော်ရီတေးနီးယား - ဆီအာရာလီယွန်* (မြန်မာစံတော်ချိန် အောက်တိုဘာ ၉ ရက်၊ ည ၉:၃၀ နာရီ)

Most Read

Most Recent