၂၀၂၂ ကမ္ဘာ့လားခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲကြိုသုံးသပ်ချက်

၂၀၂၂ ကမ္ဘာ့လားခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲကြိုသုံးသပ်ချက်
Photo: CBF
Photo: CBF
Published 9 October 2020

ကိုလံဘီယာ - ဗင်နီဇွဲလား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၀ ရက်၊ နံနက် ၆:၀၀ နာရီ)

နောက်ဆုံးတွေ့ဆုံမှု(၁၃)ပွဲမှာ နှစ်သင်းစလုံး (၄)ပွဲစီ အနိုင်ကစားထားပြီး ကျန်(၅)ပွဲကတော့ သရေကျခဲ့ပါတယ်။ ဗင်နီဇွဲလားအသင်းမှာ ဝါရင့်တိုက်စစ်မှူး ရွန်ဒွန် မပါဝင်တာကလွဲလို့ လူစုံနီးပါး ရွေးချယ်ထားတယ်။ ဒါပေမဲ့ ကိုလံဘီယာမှာတော့ ဥရောပထိပ်တန်းလိဂ်တွေက နေရာအလိုက် ခြေစွမ်းပြသူတွေ များပါတယ်။ မူရီယဲလ်၊ ဇာပါတာတို့အတွက် ဖယ်လ်ကာအိုအလွန် ခေတ်တစ်ခေတ်ကို တည်ဆောက်ဖို့ အချိန်တန်နေပါပြီ။ ကိုလံဘီယာ ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။

ဘရာဇီးလ် - ဘိုလစ်ဗီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၀ ရက်၊ နံနက် ၇:၀၀ နာရီ)

ဘရာဇီးလ်အသင်းလူစာရင်းမှာ ဒဏ်ရာပြဿနာရှိနေတဲ့ အယ်လစ်ဆန်၊ ဂျေးဇူးတို့ကလွဲလို့ ပါသင့်ပါထိုက်သူတွေအားလုံးကို နည်းပြ ထိထီက ရွေးချယ်ထားပါတယ်။ ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်စွဲပြီးကတည်းက ခြေစမ်းပွဲတွေမှာ ရလဒ်ပိုင်း ဆိုးရွားခဲ့တဲ့ ဘရာဇီးလ်အသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖွင့်မှာ တာထွက်ကောင်းဖို့တော့ လိုအပ်နေပါတယ်။ ဘိုလစ်ဗီးယားကတော့ ပြန်တည်ဆောက်နေတဲ့အသင်းဖြစ်ပြီး အသင်းမှာ နိုင်ငံတကာပွဲတစ်ပွဲမှ မကစားဖူးသေးသူ အတော်များများ ပါဝင်ပါတယ်။ ဘရာဇီးလ် ဂိုးပြတ်ဖို့ မခက်လောက်ပါဘူး။

Most Read

Most Recent