ဒူးဒဏ်ရာကြောင့် ကာဗာဟယ်လ် (၂)လခန့် အနားယူရဖွယ်ရှိနေ

ဒူးဒဏ်ရာကြောင့် ကာဗာဟယ်လ် (၂)လခန့် အနားယူရဖွယ်ရှိနေ
Photos: Getty Images
Photos: Getty Images
Published 3 October 2020

ရီးယဲလ်မက်ဒရစ်နောက်ခံလူ ကာဗာဟယ်လ်သည် ဒူးဒဏ်ရာကြောင့် (၂)လခန့် အနားယူရဖွယ်ရှိနေကြောင်း သိရသည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ စပိန်နောက်ခံလူ ကာဗာဟယ်လ်သည် စက်တင်ဘာ (၃၀)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ရီးယဲလ်မက်ဒရစ် (၁-၀) ဗယ်လာဒိုလစ်ပွဲ၌ ပွဲချိန် (၅၇)မိနစ်တွင် အော်ဒရီယိုလာအစား လူစားဝင်ရောက်ကစားခဲ့သူဖြစ်သည်။ 

သို့သော် ရီးယဲလ်မက်ဒရစ်အသင်း၏ ဆေးစစ်မှုအရ ကာဗာဟယ်လ်၏ ညာဘက်ဒူးအရွတ်တွင် ဒဏ်ရာရရှိနေခြင်းဖြစ်ကြောင်း သိရသည်။ 

ရီးယဲလ်မက်ဒရစ်အသင်း၏ ထုတ်ပြန်ချက်တွင် "ရီးယဲလ်ဆေးအဖွဲ့၏ ဆေးစစ်ဆေးမှုအရ ကာဗာဟယ်လ်၏ ညာဘက်ဒူးအရွတ်တွင် ဒဏ်ရာရရှိနေကြောင်းနှင့် ကာဗာဟယ်လ်အနေဖြင့် မည်သည့်အချိန်တွင် ပြန်ကစားနိုင်မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း"ပါရှိသည်။

စပိန်အားကစားသတင်းစာ Marca ကမူ ယခု ကာဗာဟယ်လ် ရရှိသည့်ဒဏ်ရာမျိုးမှာ (၂)လခန့် အနားယူရလေ့ရှိကြောင်း ဖော်ပြခဲ့သည်။ 

ရီးယဲလ်အသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၃)ပွဲ ကစားထားရာတွင် ရှုံးပွဲမရှိသေးဘဲ (၂)ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ်ရရှိထားကာ ရမှတ် (၇)မှတ်ဖြင့် အဆင့်(၃)နေရာ၌ ရပ်တည်နေသည်။ 

Most Read

Most Recent