စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ၂၀၂၄ ခုနှစ်အထိ ရူဘီယာလက်စ် ဆက်ရှိမည်

စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ၂၀၂၄ ခုနှစ်အထိ ရူဘီယာလက်စ် ဆက်ရှိမည်
Photos : Getty Images
Photos : Getty Images
Published 23 September 2020

မူလက အဆိုပါ ဥက္ကဋ္ဌရွေးကောက်ပွဲကို ရီးယဲလ်ဂိုးသမားဟောင်း ကာဆီးလက်စ် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ကိုရိုနာကပ်ဘေးကို အကြောင်းပြကာ နုတ်ထွက်သွားခဲ့သည်။ 

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ဥက္ကဋ္ဌ ရူဘီယာလက်စ်သည် လက်ရှိရာထူးတွင် ၂၀၂၄ ခုနှစ်အထိ ဆက်ရှိသွားမည် ဖြစ်ကြောင်း သိရသည်။ 

စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ရူဘီယာလက်စ်က ထောက်ခံမဲ (၉၅)မဲ၊ ကြားနေ(၁၀)မဲ၊ ကန့်ကွက်မဲမရှိ အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။ မူလက အဆိုပါ ဥက္ကဋ္ဌရွေးကောက်ပွဲကို ရီးယဲလ်ဂိုးသမားဟောင်း ကာဆီးလက်စ် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ကိုရိုနာကပ်ဘေးကို အကြောင်းပြကာ နုတ်ထွက်သွားခဲ့သည်။ 

ထို့ကြောင့် ရူဘီယာလက်စ်အနေဖြင့် ယှဉ်ပြိုင်ရွေးချယ်ခံမည့် ပြိုင်ဘက်မရှိဘဲ အောင်ပွဲခံနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ရူဘီယာလက်စ်က စပိန်ဘောလုံးအဖွဲ့ချုပ်ကို ကမ္ဘာ့အကောင်းဆုံးဘောလုံးအဖွဲ့ချုပ်တစ်ခုဖြစ်စေရန် ၀ိုင်းဝန်းကူညီပေးကြစေလိုသည်ဟု ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

Most Read

Most Recent