အသင်း၏ အဖွင့်ပွဲခြေစွမ်းကို ပီယာလို ချီးကျူးခဲ့ပြီး အသက်ရလာသည့် စီရော်နယ်လ်ဒိုအတွက် ကစားချိန်နှင့်အနားယူချိန် မျှတရန် စီစဉ်နေဟု ဆို

အသင်း၏ အဖွင့်ပွဲခြေစွမ်းကို ပီယာလို ချီးကျူးခဲ့ပြီး အသက်ရလာသည့် စီရော်နယ်လ်ဒိုအတွက် ကစားချိန်နှင့်အနားယူချိန် မျှတရန် စီစဉ်နေဟု ဆို
Photo: AFP
Photo: AFP
Published 22 September 2020

ဂျူဗင်တပ်စ်နည်းပြသစ် ပီယာလိုက အဖွင့်ပွဲတွင် ဂိုးပြတ်နိုင်ပွဲရခဲ့ပြီးနောက် အသင်း၏ခြေစွမ်းကို ချီးကျူးခဲ့ပြီး အသက်ရလာပြီဖြစ်သည့် အဓိကတိုက်စစ်မှူး စီရော်နယ်လ်ဒိုအတွက် ကစားချိန်နှင့်အနားယူချိန်မျှတစေရန် စီစဉ်ပေးသွားမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပီယာလို၏ ပွဲဦးထွက်တွင် ဂျူဗင်တပ်စ်အသင်းသည် ဆမ်ဒိုးရီးယားအသင်းအား (၃)ဂိုးပြတ် အနိုင်ကစားခဲ့ပြီး ကစားသမားသစ်များဖြစ်သော ကူလူဆက်ဗ်စကီးနှင့် မက်ကန်နီးတို့မှာ ခြေစွမ်းပြသနိုင်ခဲ့သည်။

ပီယာလိုက "ပထမပိုင်းကစားပုံ ကောင်းမွန်ခဲ့ပြီး တစ်ဂိုးထက် ပိုသွင်းနိုင်ခဲ့သင့်တယ်။ ပွဲပြီးခါနီးလေ ကြံ့ခိုင်မှုလျော့ကျလေဖြစ်ခဲ့ပေမယ့် ပွဲကိုထိန်း နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ လေ့ကျင့်ချိန်အများကြီး မရထားပါဘူး။ ခြေစမ်းပွဲတောင် တစ်ပွဲပဲ ကစားရသေးတာပါ။  ဒါကြောင့် ကောင်းမွန်တဲ့ ပွဲဦးထွက်လို့ ဆိုနိုင်ပြီး ဒီအပေါ်မှာ ဆက်လက်တည်ဆောက်သွားရပါမယ်။ အချိန်ယူရဦးမှာဖြစ်ပြီး ကျွန်တော်က သူများအိုင်ဒီယာတွေ ပုံတူမကူးချင်ဘူး။ ကိုယ်ပိုင် အိုင်ဒီယာကို ကျွန်တော် နှစ်သက်တဲ့ အသင်းတွေရဲ့ ကစားပုံနဲ့ ပေါင်းစပ်သွားမှာပါ" ဟု ပြောကြားခဲ့သည်။

ယခုရာသီအတွင်း (၃၆)နှစ်ပြည့်မည့် အဓိကတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အနားပေးခံရခြင်းကို မနှစ်မြို့သော်လည်း ပီယာလိုက "သူ့ကို ဘယ်လိုသုံးရမလဲ ဆွေးနွေးနေတုန်းပါ။ သူက ခြေမကျသေးပါဘူး။ ခန္ဓကိုယ်အကြောင်း ကောင်းကောင်းသိသူလည်း ဖြစ်ပါတယ်။ အရေးမပါတဲ့ပွဲတွေမှာ သူ့ကို အနားပေးဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent