ဘွန်ဒစ်လီဂါရာသီသစ်တွင် ပရိသတ်များကို ကွင်းအတွင်းအရေအတွက်ကန့်သတ်ချက်ဖြင့် ကြည့်ရှုခွင့်ပေးမည်ဟု အတည်ပြု

ဘွန်ဒစ်လီဂါရာသီသစ်တွင် ပရိသတ်များကို ကွင်းအတွင်းအရေအတွက်ကန့်သတ်ချက်ဖြင့် ကြည့်ရှုခွင့်ပေးမည်ဟု အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 16 September 2020

ယခုတစ်ပတ်တွင် စတင်ကျင်းပမည့် ဘွန်ဒစ်လီဂါပြိုင်ပွဲရာသီသစ်တွင် ပရိသတ်များကို ကွင်းအတွင်း အကန့်အသတ်ဖြင့် ဝင်ရောက်ကြည့်ရှုခွင့်ပေးသွားမည်ဟု အတည်ပြုကြေညာခဲ့သည်။

ပရိသတ်များအား ကွင်းအတွင်း ပြန်လည်ကြည့်ရှုခွင့်ပြုရန် ရက်သတ္တပတ် ခြောက်ပတ်ကြာ စမ်းသပ်မှုများပြုလုပ်ပြီးနောက် စက်တင်ဘာ (၁၅) ရက်က သဘောတူခဲ့ခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံရေးသမားများက ဘွန်ဒစ်လီဂါကလပ်အသင်း (၁၈) သင်းအနေဖြင့် အိမ်ကွင်း၌ ကွင်းဝင်ဆံ့ဦးရေ၏ (၂၀) ရာခိုင်နှုန်းကို ဝင်ရောက်ကြည့်ရှုခွင့်ပေးရန်ခွင့်ပြုခဲ့သည်။

သို့သော် ခြွင်းချက်အနေဖြင့် ဒေသတွင်း COVID-19 ဗိုင်းရပ်စ် ကူးစက်မှုနှုန်းမှာ ခုနစ်ရက်အတွင်း လူတစ်သိန်းလျှင် (၃၅) ဦး (သို့မဟုတ်) ယင်းပမာဏထက် လျော့နည်းမှသာ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စက်တင်ဘာလ (၁၈)ရက်တွင် ဘွန်ဒစ်လီဂါရာသီအဖွင့်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်နှင့် ရှော်လ်ကေးအသင်း  ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်တွင် ဘိုင်ယန်အသင်း၏အိမ်ကွင်း Allianz Arena ၌ ပရိသတ်ဦးရေ ၁၅၀၀၀ ဝန်းကျင် ဝင်ရောက် ကြည့်ရှုခွင့်ရဖွယ်ရှိသည်။

ပရိသတ်များအနေဖြင့် ကွင်းအတွင်း Mask တပ်ဆင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၁.၅) မီတာ (၄ ပေ ၁၁ လက်မဝန်းကျင်)ခြားကာ ကြည့်ရှုရမည်ဖြစ်ပြီး Alcohol သောက်သုံးခြင်းနှင့် အဝေးကွင်းပရိသတ်များကို ပိတ်ပင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်က ကစားခဲ့သည့် ဂျာမန်ဖလားပွဲစဉ်များတွင် ပရိသတ်များ ကြည့်ရှုခွင့်ပေးမှုကို စမ်းသပ်ပြုလုပ်ခဲ့သည်။

 

Most Read

Most Recent