အရူးတစ်ယောက်ကဲ့သို့ ပြုမူမိသည်ဟု နေမာ ဝန်ခံခဲ့ပြီး အယ်လ်ဗာရိုဂွန်ဇာလက်ဇ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရ

အရူးတစ်ယောက်ကဲ့သို့ ပြုမူမိသည်ဟု နေမာ ဝန်ခံခဲ့ပြီး အယ်လ်ဗာရိုဂွန်ဇာလက်ဇ် အသက်အန္တရာယ် ခြိမ်းခြောက်ခံရ
Photos: Getty Images
Photos: Getty Images
Published 16 September 2020

PSG တိုက်စစ်မှူး နေမာက မာဆေးလ်အသင်းအား (ဝ-၁)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည့် အပြုအမူမှာ ရူးနှမ်းနေသည့်သူတစ်ဦးကဲ့သို့ လုပ်ဆောင်မိသည်ဟု ဝန်ခံခဲ့ပြီး မာဆေးလ်အသင်းမှ စပိန်နောက်ခံလူ အယ်လ်ဗာရိုဂွန် ဇာလက်ဇ်ကို လူမျိုးရေးခွဲခြားသည်ဟု စွပ်စွဲပြီးနောက် ပြင်သစ်ဘောလုံးတာဝန်ရှိသူများအနေဖြင့် ခွဲခြားဆက်ဆံမှုများကို ပိုမိုတိုက်ဖျက်ရန် တောင်းဆိုခဲ့သည်။

အယ်လ်ဗာရိုဂွန်ဇာလက်ဇ်၏ ဦးခေါင်းနောက်ဘက်ကို လက်ဖြင့်ရိုက်ခဲ့သောကြောင့် VAR ဖြင့် ပြန်လည်ကြည့်ရှုပြီးနောက် ထုတ်ပယ်ခံရသူ နေမာကမူ "မျောက်" ဟု လူမျိုးရေး ခွဲခြားခံရသဖြင့် တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

PSG အသင်းက မာဆေးလ်နှင့်ပွဲတွင် လူမျိုးရေးခွဲခြားမှုနှင့်ရင်ဆိုင်ခဲ့ရသော တိုက်စစ်မှူး နေမာဘက်မှ အပြည့်အဝရပ်တည်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ယင်းအတွက် PSG အသင်းက မိမိတို့အနေဖြင့် လူမျိုးရေးခွဲခြားခံခဲ့ရသော နေမာဘက်မှ ရပ်တည်သွားမည်ဖြစ်ပြီး ပြင်သစ်လိဂ်တာဝန်ရှိသူများအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

လူမျိုးရေးခွဲခြားမှုဖြစ်ရပ်အတွက် အယ်လ်ဗာရိုမှာ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရကြောင်း မာဆေးလ်အသင်းက သတင်းထုတ်ပြန်ခဲ့သည်။ 

အယ်လ်ဗာရို၏ဖုန်းနံပါတ်မှာ အွန်လိုင်းတွင် ပေါက်ကြားခဲ့ပြီးနောက် အသက်အန္တရာယ်ခြိမ်းခြောက်မှုများခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent