ငွေသုံးများခြင်းနှင့် ပတ်သက်သည့် ယာဂန်ကလော့ပ်၏ ဝေဖန်မှုကို ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် တုံ့ပြန်

ငွေသုံးများခြင်းနှင့် ပတ်သက်သည့် ယာဂန်ကလော့ပ်၏ ဝေဖန်မှုကို ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် တုံ့ပြန်
Photo: Getty Images
Photo: Getty Images
Published 15 September 2020

ချယ်လ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်သည် ငွေသုံးများခြင်းနှင့်ပတ်သက်သည့် ယာဂန်ကလော့ပ်၏ ဝေဖန်မှုအား တုံ့ပြန်ပြစ်တင်ခဲ့ကြောင်း သိရှိရသည်။

ယာဂန်ကလော့ပ်က မိမိတို့ လီဗာပူးလ်အသင်းသည် ချယ်လ်ဆီးကဲ့သို့ အသင်းမျိုးမဟုတ်ဟုဆိုပြီး ယခုရာသီတွင် ငွေကြေးသုံးစွဲမှု မပြုလုပ်ခဲ့ခြင်းကို ကာကွယ်ပြောဆိုခဲ့ရာ လမ်းပတ်က "သူပြောတဲ့စကားကို ကျွန်တော် နည်းနည်းတော့ စိတ်ပျက်မိတယ်။ လီဗာပူးလ်က ကလော့ပ်နဲ့အတူ ပြီးခဲ့တဲ့ (၄၊ ၅) နှစ်လောက်အတွင်းမှာ အကောင်းဆုံးဇာတ်လမ်းတစ်ပုဒ်ကို ရေးဖွဲ့နိုင်ခဲ့ပြီး ဒီအထဲမှာ သူတို့အသင်းရဲ့အဆင့်အတန်းကို ထိပ်တန်းရောက်လာအောင် အားဖြည့်ပြင်ဆင်မှုတွေလုပ်ခဲ့ခြင်းလည်း ပါပါတယ်။ အခု လီဗာပူးလ်အသင်းရဲ့ ကစားသမားတွေကို ကြည့်ရင် ဗန်ဒိုက်၊ အယ်လစ်ဆန်၊ ဖာဘင်ညို၊ ကီတာ၊ မာနေ၊ ဆာလာတို့ဟာ အရမ်းကောင်းတဲ့ ကစားသမားတွေဖြစ်ပြီး သူတို့ လီဗာပူးလ်ကို  ပြောင်းရွှေ့ခဲ့တဲ့ အချိန်တုန်းကလည်း ထိပ်တန်းပြောင်းရွှေ့ကြေးတွေနဲ့ ရောက်ရှိလာခဲ့ကြတာပါ။ သူတို့ဟာ သူတို့တည်ဆောက်ချင်တဲ့ပုံစံကို စမတ်ကျကျ ပြောင်းလဲခဲ့ပြီး နည်းပြအပေါ်မှာလည်း အပြည့်အဝယုံကြည်မှု ပေးခဲ့ကြပါတယ်။ ကျွန်တော်တို့ အသင်းက အပြောင်းအရွှေ့အပိတ်ခံထားရတဲ့အခြေအနေကနေ ပြန်လွတ်လာတာဖြစ်ပြီး ဒီနွေရာသီမှာ ငွေကြေးသုံးစွဲဖို့ ရည်ရွယ်ချက်လည်းရှိပြီး ဒီအတိုင်း အကောင်အထည်ဖော်နေရုံပါပဲ" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent