ကစားသမားများ ပွဲမပန်းစေရန် အလှည့်ကျသုံးစွဲနေကြောင်း ဟံသာဝတီအသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း ပြောကြား

ကစားသမားများ ပွဲမပန်းစေရန် အလှည့်ကျသုံးစွဲနေကြောင်း ဟံသာဝတီအသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း ပြောကြား
Photo: EMG
Photo: EMG
Published 13 September 2020

ဟံသာဝတီအသင်းသည် လက်ကျန် ငါးပွဲတွင် ဇယားထိပ်ပိုင်းမှ ရန်ကုန်၊ ဧရာဝတီ အသင်းတို့နှင့်ကစားရန် ကျန်ရှိနေပြီး စက်တင်ဘာ ၁၅ ရက်တွင် ရခိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် ၁၃ ပွဲကစား၊ ၁၁ ပွဲနိုင်၊ နှစ်ပွဲရှုံး ဖြင့် ၃၃ မှတ်ရရှိထားပြီး ဂိုးကွာခြားချက်ကြောင့် ထိပ်ဆုံးနေရာကို ဧရာဝတီအသင်းထံ လွှဲပေးခဲ့ရသည်။

 

ဟံသာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းက ကစားသမားများ ပွဲမပန်းစေရန် အလှည့်ကျသုံးစွဲနေကြောင်း ပြောကြားခဲ့သည်။

ဟံသာဝတီအသင်းသည် ပွဲစဉ် (၁၅) တွင် စစ်ကိုင်းကို လေးဂိုးပြတ်အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ပိုင်း၌ ဆက်လက်ရပ်တည်နေသည်။ ယင်းပွဲအပြီးတွင် ဦးမျိုးမင်းထွန်းက "ဒီရာသီ လက်ကျန်ပွဲတွေကို သုံးရက်တစ်ပွဲနှုန်း ကစားနေရတဲ့အတွက် ကစားသမားတွေအနေနဲ့ ပွဲပန်းနိုင်သလို ဒဏ်ရာရတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကစားသမားတွေ ပွဲမပန်းအောင် အလှည့်ကျ သုံးစွဲနေပါတယ်။ ကျွန်တော့်အသင်းမှာ ဟိန်းထက်အောင်၊ လားဒင်မောရနဲ့ မိုကာလူးတို့ သုံးဦးပဲ ကျန်တဲ့ကစားသမားတွေထက် ပွဲပန်းနိုင်ပါတယ်။ ကျန်တဲ့ကစားသမားတွေကတော့ အလှည့်ကျ သုံးစွဲနေတာဖြစ်ပါတယ်။ ဒီကစားသမားသုံးဦးကိုလည်း ရခိုင်နဲ့ပွဲမှာ ပွဲ ရလဒ်အပေါ်မူတည်ပြီး အနားပေးဖို့ရှိပါတယ်။ အခုလို ရလဒ်ကောင်းနေတာ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ပါတယ်။ လာမယ့်ပွဲတွေမှာလည်း အနိုင်ရဖို့ ပြင်ဆင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

ဟံသာဝတီအသင်းသည် လက်ကျန် ငါးပွဲတွင် ဇယားထိပ်ပိုင်းမှ ရန်ကုန်၊ ဧရာဝတီ အသင်းတို့နှင့်ကစားရန် ကျန်ရှိနေပြီး စက်တင်ဘာ ၁၅ ရက်တွင် ရခိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် ၁၃ ပွဲကစား၊ ၁၁ ပွဲနိုင်၊ နှစ်ပွဲရှုံး ဖြင့် ၃၃ မှတ်ရရှိထားပြီး ဂိုးကွာခြားချက်ကြောင့် ထိပ်ဆုံးနေရာကို ဧရာဝတီအသင်းထံ လွှဲပေးခဲ့ရသည်။ ဟံသာဝတီအသင်းသည် ပြိုင်ပွဲပြန်လည်စတင်ချိန်တွင် ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ထားပြီး ငါးပွဲကစား လေးပွဲအနိုင်ရ ကာ ရှမ်းယူနိုက်တက်တစ်သင်းတည်းကိုသာ အရေးနိမ့်ထားသည်။

Most Read

Most Recent