စပိန်လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 15 September 2020

အလာဗတ်စ် - ဘက်တစ် (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

ပြီးခဲ့တဲ့ရာသီအစောပိုင်းမှာ ခြေမှန်ခဲ့သမျှ အဆုံးသတ်မှာ ခြေစွမ်းပိုင်းဆိုးရွားသွားခဲ့လို့ တန်းမဆင်းရရေးတောင် ရုန်းကန် လိုက်ရတဲ့ အလာဗတ်စ်ကို အပြောင်းအလဲတွေနဲ့ ပြန်မြင်ရမ လားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ နည်းပြသစ် ပယ်လီ ဂရီနီနဲ့ ဘက်တစ်ကလည်း ရာသီသစ်အတွက် ပိုတက်ကြွနေနိုင် တယ်။ ဒါပေမဲ့ ရာသီအဖွင့် အိမ်ကွင်းပွဲစဉ်မှာတော့ အလာဗတ်စ် အမှတ်ရအောင်ယူမှာပါ။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားမယ်။

ဗယ်လာဒိုလစ် - ဆိုစီဒက် (တနင်္ဂနွေည ၈း၃၀ နာရီ)

ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ ပြီးခဲ့တဲ့ရာသီအဆုံးသတ်ပိုင်းမှာ ကျဆင်းသွားတဲ့ခြေစွမ်းကို ဆိုစီဒက် ပြန်မြှင့်ယူဖို့မလွယ်သေးဘူးထင်တယ်။ အသင်းမှာ အားကိုးရတဲ့ အော်ဒီဂွါလိုကစားသမား မျိုးကို လက်လွှတ်ထားရသလို၊ အသစ်ရောက်လာတဲ့ ဒေးဗစ် ဆေးလ်ဗားကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အသင့် ဖြစ်ဦးမယ်မထင်ဘူး။ ဗယ်လာဒိုလစ်ကတော့ အိမ်ကွင်းမှာ အား ထုတ်မှုပိုကောင်းတယ်။ အိမ်ရှင်နဲ့ ဂိုးအနည်းပဲ ရွေးထားမယ်။

ဗီလာရီးယဲလ် - ဟွယ်ဆကာ (တနင်္ဂနွေည ၁၁းဝ၀ နာရီ)

နည်းပြသစ် အူနိုင်းအမ်မရီနဲ့ စပြီးပွဲထွက်လာမယ့် ဗီလာ ရီးယဲလ်ရဲ့ အနေအထားက စိတ်ဝင်စားစရာပါပဲ။ အပြောင်းအရွှေ့ စျေးကွက်မှာ နာမည်ရှိကစားသမားတချို့ကိုလည်း အားဖြည့် ထားနိုင်လို့ ဗီလာရီးယဲလ်ဟာ အပြောင်းအလဲနဲ့အတူ တိုးတက် လာနိုင်တဲ့အသင်းမျိုးလို့ ပြောနိုင်နေတယ်။ ဟွယ်ဆကာကတော့ ဆီဂန်ဒါချန်ပီယံအဖြစ် လာလီဂါကိုရောက်လာပေမယ့် ဗီလာရီး ယဲလ်ကို ယှဉ်နိုင်ဖို့မရှိပါဘူး။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပါပဲ။

ဗလင်စီယာ - လီဗန်တေး (တနင်္လာနံနက် ၁း၃၀ နာရီ)

ဒီပွဲက ဗလင်စီယာကွန်မြူနတီဒေသအခြေစိုက်အသင်း (၂)သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုပီပီ စိတ်ဝင်စားစရာတော့ ကောင်း နေတယ်။ ဒါပေမဲ့ ရာသီသစ်အတွက် အနေအထားတွေအရဆိုရင် ဗလင်စီယာရဲ့အခြေအနေက သိပ်အားရစရာမရှိလှဘူး။ အသင်းက ငွေကြေးအကျပ်အတည်းကြုံနေရပြီး ရှိတဲ့ကစားသမားကောင်းတွေရောင်းထုတ်ကာ ငွေရှာနေရတဲ့အခြေအနေရောက် နေတယ်။ ရိုဒရီဂို၊ ဖယ်ရန်တောရက်စ်၊ ပယ်ရေဟို၊ ကိုကီလင်တို့လို အဓိကကစားသမားတွေမရှိတော့တဲ့ ဗလင်စီယာဟာ အင် အားပြန်လည်ဖြည့်တင်းမှုအပိုင်းမှာလည်း အားရစရာမရှိလှဘူး။ ဒါကြောင့် ရာသီသစ်မှာ နည်းပြသစ်ဖြစ်လာတဲ့ ဟာဗီဂရာစီယာ အတွက်လည်း အသင်းကို ချက်ချင်းကြီးပြန်ဆွဲတင်ဖို့ မဖြစ်နိုင်သေးဘူးပဲထင်တယ်။ လီဗန်တေးကတော့ ဗလင်စီယာထက် ပို ငြိမ်တယ်လို့ပြောနိုင်ပြီး ရာသီအဖွင့်ပွဲမှာ ပိုအားထည့်ကစားလာဖို့ရှိတယ်။ လီဗန်တေး အနိမ့်ဆုံးသရေ ကစားလိမ့်မယ်။

 

Most Read

Most Recent