ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 15 September 2020

ဝက်စ်ဘရွန်း - လက်စတာ (တနင်္ဂနွေည ရး၃၀ နာရီ)

ဝက်စ်ဘရွန်းရဲ့ခံစစ်က မာကျောပြီး ကွင်းလယ်မှာလည်း ပယ်ရဲရားက ထိပ်တန်းအ ဆင့် ခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းကတော့ သိပ်အားရစရာမရှိ ဘူး။ လက်စတာက ဒီပွဲကိုသာ အမှားကျူးလွန်ခဲ့ရင် မနှစ်က ရာသီပိတ်ရလဒ်ဆိုးတွေနဲ့  ဆက်သွားပြီး ဒီ သက်ရောက်မှုကို ဆက်လက်ရင်ဆိုင်ရလိမ့်မယ်။ ဒါပေမဲ့ လက်စတာက ဝက်စ်ဘရွန်းထက် အစစအရာရာ သာပါတယ်။ လက်စတာကပ်နိုင်ဖို့များတယ်။ 

စပါး - အဲဗာတန် (တနင်္ဂနွေည ၁ဝးဝ၀ နာရီ)

မနှစ်က ဒုတိယရာသီဝက်မှာ ကစားခဲ့တဲ့ (၁-၀)ပွဲကတော့ တော်တော်လေးစိတ်ပျက်စရာဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီပွဲက တော့ ဘောလုံံးသမိုင်းရဲ့အကောင်းဆုံးစာရင်းဝင်နည်းပြ နှစ်ဦးရဲ့အကြိတ်အနယ်ပွဲကောင်းတစ်ပွဲကို မြင်ရဖို့များတယ်။ အထူး သဖြင့် အဲဗာတန်ရဲ့ဒီရာသီပြောင်းလဲမှုတွေကနေ ဘယ်လောက်အထိ အမြတ်ထုတ်နိုင်မလဲဆိုတာကို စောင့်ကြည့်ရမယ်။ လူ စာရင်းအရ စပါးကို ကြောက်စရာမရှိဘူး။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာအရဆိုရင် စပါးက အသင်းကြီးပိုဆန်ပြီး ပိုမာကျောတယ်။  ဟာမီးစ်-အယ်လန်-ဂိုးမက်ဇ်တို့ရဲ့ ကွင်းလယ်က ဥရောပရဲ့ထိပ်ဆုံးတန်းမဟုတ်ရင်တောင် တော်တော်အားကောင်းတာ သေချာပါတယ်။ ပြဿနာက တောင်အမေရိကကစားသမားနှစ်ဦးက ချက်ချင်းအထိုင်ကျပါ့မလားဆိုတာ စဉ်းစားရမယ့် အနေ အထားဖြစ်တယ်။ စပါးက ကိန်း၊ ဆွန်၊ အယ်လီတို့အပါအဝင် မြင်နေကျ၊ တွဲနေကျ အတွဲအဖက်နဲ့ လာလိမ့်မယ်။ ဒီပွဲသာ သရေ (သို့) ရှုံးရင် ရာသီရှည်အတွက်စိတ်ပိုင်းဆိုင်ရာ ဘယ်လောက်ထိခိုက်မလဲဆိုတာ မော်ရင်ဟိုနားလည်ပါတယ်။ စပါး နိုင်မယ်။ 

Most Read

Most Recent