ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများသို့ ထောက်ပံ့ငွေ ကျပ် ၄၀၂ ဒသမ ၇၅ ဘီလျံ၊ ဧပြီ၊ မေနှင့် ဇွန် လျှပ်စစ်ဓာတ်အားခများအတွက် ကျပ် ၁၀၇ ဘီလျံကျော်အပါအဝင် COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလျံရှိ

ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများသို့ ထောက်ပံ့ငွေ ကျပ် ၄၀၂ ဒသမ ၇၅ ဘီလျံ၊ ဧပြီ၊ မေနှင့် ဇွန် လျှပ်စစ်ဓာတ်အားခများအတွက် ကျပ် ၁၀၇ ဘီလျံကျော်အပါအဝင် COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလျံရှိ
COVID-19 ချေးငွေ လာရောက်လျှောက်ထားခဲ့သူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
COVID-19 ချေးငွေ လာရောက်လျှောက်ထားခဲ့သူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 11 September 2020
နီလာ

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်အထိ စာရင်းများအရ နိုင်ငံတော်က ဆောင်ရွက်ပေးမှုအနေဖြင့် ဧပြီ၊ မေနှင့် ဇွန်လ လျှပ်စစ်ဓာတ်အားခများအတွက် ကျပ် ၁၀၇ ဘီလျံကျော်၊ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများသို့ ထောက်ပံ့ငွေကျပ် ၄၀၂ ဒသမ ၇၅ ဘီလျံအပါအဝင် COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအတွက် စုစုပေါင်း ကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလျံ ထောက်ပံ့ပေးထားကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၉/ ၂၀၂၀) ကို စက်တင်ဘာ ၉ ရက်က Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်အထိ စာရင်းများအရ နိုင်ငံတော်က ဆောင်ရွက်ပေးမှုအနေဖြင့် ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများသို့ ပထမအကြိမ် ထောက်ပံ့ကြေးအဖြစ် ကျပ် ၇၁ ဒသမ ၁၀၃ ဘီလျံ၊ ဒုတိယအကြိမ်အဖြစ် ကျပ် ၂၁၈ ဒသမ ၁၁၂ ဘီလျံ၊ တတိယအကြိမ်အဖြစ် ၁၁၃ ဒသမ ၅၃၅ ဘီလျံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှတစ်ဆင့် ထောက်ပံ့ငွေ ကျပ် ၉၂ ဒသမ ၆၁၂ ဘီလျံ၊ သက်ကြီးရွယ်အိုးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများနှင့် မသန်စွမ်းပုဂ္ဂိုလ်များအပါအဝင် အခြားထောက်ပံ့သင့်သည့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှတစ်ဆင့် ထောက်ပ့ံငွေကျပ်  ၃၅ ဒသမ ၉၂၃ ဘီလျံ၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသုံးပြုရန် ကျပ် ၂၆၇ ဒသမ ၉၀၃ ဘီလျံ၊ စားသောက်ဆိုင်နှင့်  လက်ဖက်ရည်ဆိုင်များသို့ ထုတ်ချေးငွေကျပ် ဘီလျံ ၁၀၀၊ အသေးစားချေးငွေလုပ်ငန်းများသို့ ထုတ်ချေးငွေကျပ်ဘီလျံ ၁၀၀၊ COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက တာဝန်ယူဆောင်ရွက်သည့် COVID-19 Fund မှ ထုတ်ချေးငွေ ကျပ် ဘီလျံ ၂၀၀၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ထုတ်ချေးငွေကျပ်ဘီလျံ ၆၀၀၊ ၂၀၂၀ ပြည့်နှစ် ဧပြီ၊ မေနှင့် ဇွန်လများအတွက် လျှပ်စစ်ဓာတ်အားခများအတွက် ထောက်ပံ့ငွေကျပ် ၁၀၇ ဒသမ ၃၇၉ ဘီလျံနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားခထောက်ပ့ံငွေ ကျပ် ၁ ဒသမ ၅၁၈ ဘီလျံ၊ စုစုပေါင်းကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလျံလျာထားသတ်မှတ်ကာ ထောက်ပံ့ဆောင်ရွက်ပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဆိုသည်။

COVID-19 ကြောင့် ဖြစ်ပွားခဲ့သည့် စီးပွားရေးအကျပ်အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေးအတွက် ကာလတိုစီမံချက်ဖြစ်သည့် “COIVD-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်” CERP တွင် စိုက်ပျိုးမွေးမြူထုတ်လုပ်မှု မလျော့ကျစေရေး လုပ်ငန်းများအဖြစ် CERP ၂.၁.၇(ခ)အရ  စပါးမျိုးစေ့ထုတ်လုပ်ငန်း ဧကတစ်သိန်းအတွက် ကျပ် ၁၄၉၁၁ ဒသမ ၃၃ သန်းဖြင့်လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းအတွက် ကျပ်သန်း ၆၀၀၀ အသုံးပြုဆောင်ရွက်ခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများကို သက်သာစေရန် ကုစားမှု အစီအစဉ်များအတွက် လမ်းပြမြေပုံအဖြစ် စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် COVID-19 Economic Relief Plano- CERP ရေးဆွဲထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent