မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET System ကို နိုင်ငံတကာ အဆင့်မီမြှင့်တင်နိုင်ရန်နှင့် အာဆီယံဒေသတွင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန် JICA အထောက်အပံ့ဖြင့် ဆက်လက်ဆောင်ရွက်နေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET System ကို နိုင်ငံတကာ အဆင့်မီမြှင့်တင်နိုင်ရန်နှင့် အာဆီယံဒေသတွင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန် JICA အထောက်အပံ့ဖြင့် ဆက်လက်ဆောင်ရွက်နေ
ရန်ကုန်မြို့ရှိ နိုင်ငံတော်ဗဟိုဘဏ် (ဘဏ်ခွဲ) အဆောက်အအုံကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ နိုင်ငံတော်ဗဟိုဘဏ် (ဘဏ်ခွဲ) အဆောက်အအုံကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 7 September 2020
စည်သူအောင်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET System ကို နိုင်ငံတကာ အဆင့်မီမြှင့်တင်နိုင်ရန်နှင့် အာဆီယံဒေသတွင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန် JICA အထောက် အပံ့ဖြင့် ဆက်လက်ဆောင်ရွက်နေကြောင်း   မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ချုပ်အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဓိက လုပ်ငန်းတာဝန်များအနက် တစ်ခုမှာ ဘေးကင်းလုံခြုံမြန်ဆန် အားထားရသော ငွေ ပေးချေမှုစနစ်ကို ထူထောင်ရန်ဖြစ်သည့်အတိုင်း ဗဟိုဘဏ်သည် ငွေပေးချေမှုမူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ၏ ငွေကြေးလို အပ်ချက်ကို ဖြည့်ဆည်းပေးခြင်း၊ ငွေကြေး ကိုင်တွယ်မှုများလျှော့ချရေးနှင့် လက်ရှိငွေ ပေးချေမှုစနစ်ကို အဆင့်မြှင့်တင်ရန်အတွက် ချက်လက်မှတ်များ အသုံးပြုငွေပေးချေခြင်း၊ နိုင်ငံတကာကတ်များကို ပြည်တွင်းတွင် အ သုံးပြုနိုင်ရန်နှင့် ပြည်တွင်းဘဏ်များ၏ ကတ်များကို နိုင်ငံတကာတွင် အသုံးပြုနိုင် ရန်အတွက် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

လုံခြုံစိတ်ချထိရောက်မှုရှိသော ငွေပေးချေမှုကွန်ရက်အဆောက်အအုံတည် ဆောက်နိုင်ရန်အတွက် JICA အကူအညီဖြင့် Project for Modernizing the Funds Payment and Securities Settlement Systems in Myanmar ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ  ရက်မှစတင်၍ အသုံးပြုဆောင်ရွက်နိုင်ခဲ့ သည်။ Customer Credit Transfer (CCT) Function ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ အသုံးပြုဆောင်ရွက်နိုင်ခဲ့သည်။ အခွန်ထမ်းတစ်ဦးသည် မည်သည့်ဘဏ်တွင် စာရင်းဖွင့်လှစ်ထားသည်ဖြစ်စေ CBM-NET ၏ CCT Function ကို အသုံးပြု၍ အခွန်ပေးဆောင်နိုင်ရန်အတွက် ပြည်တွင်း အခွန်များဦးစီးဌာနနှင့် ချိတ်ဆက်ဆောင် ရွက်ခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အ တွင်း CCT Transaction ၇၆၈၉၄ ကြောင်း နှင့် ငွေပမာဏအားဖြင့် ကျပ် ၁၉၁၇၆၁၅ ဒသမ ၁၀ သန်းကို ဆောင်ရွက်နိုင်ခဲ့သည်။

လက်ရှိဆောင်ရွက်လျက်ရှိသည့် CBM-NET  System အား နိုင်ငံတကာအဆင့်မီ မြှင့်တင်နိုင်ရန်နှင့် အာဆီယံဒေသတွင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး အသင့်အနေ အထားသို့ ရောက်ရှိစေရန်အတွက် CBM-NET System CBM-NET System Second Phase ကို JICA အထောက်အပံ့ဖြင့် ဆက်လက်အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိရာ Cheque Truncation System နှင့် Dashboard Function များအတွက် External Design ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ JICA TC Team ၊ Consultant Team နှင့် NTT DATA တို့မှ ဆွေးနွေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် go-live ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထို့ပြင် ဗဟိုဘဏ်၏ Accounting စနစ်အား နိုင်ငံတကာအဆင့်မီ International Financial Reporting Standards (IFRS) နှင့်အညီ ဖြစ်စေရန်အတွက် IMF မှနည်းပညာအကူအညီများ ရယူကာ ဆောင် ရွက်လျက်ရှိသည်။ DATA Reporting Template Format ကို CGAP ၏အကူအ ညီဖြင့်ရေးဆွဲကာ Mobile Banking ဆောင်ရွက်နေသောဘဏ်များနှင့် Mobile Financial Service Provider များထံမှ သဘော ထားမှတ်ချက်ရယူနိုင်ရန် ဆောင်ရွက်ခဲ့သည်။

ငွေပေးချေမှုများ မြန်ဆန်အဆင်ပြေ လွယ်ကူမှုရှိစေရန် User များ၊ Payment Service Provider များနှင့် Merchant များ စရိတ်သက်သာစေရန်အတွက် ငွေပေးချေမှု ပုံစံသစ်ဖြစ်သည့် QR Code ပေးချေမှုများ တစ်ပြေးညီဖြစ်ရန်ရည်ရွယ်၍ National Standard for QR Code သတ်မှတ်နိုင်ရေး အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဦး ဆောင်၍ ဘဏ်များ၊ International Card Scheme များ၊ Mobile Service Provider များ ပူးပေါင်း၍ Technical Committee ဖွဲ့စည်းခဲ့ပြီး MMQR Special Version 1.1 ကို သတ်မှတ်ခဲ့ပြီး ဖြစ်သည်။ ထို့ပြင် Business ပိုင်းနှင့်စပ်လျဉ်း ၍ ဘဏ်များမှ ကိုယ်စားလှယ်များပါဝင် သည့် Business Goverance Committee ကို ဖွဲ့စည်း၍ ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent