လက်ရှိဘဏ္ဍာနှစ်ခြောက်လတွင် မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆောင်ရွက်မှု၌ တရုတ်နိုင်ငံဘက်မှ ကုန်သွယ်မှုပိုငွေ ဒေါ်လာသန်း ၆၄၀ နီးပါးရှိပြီး ကုန်သွယ်ရေးအသာစီး ရရှိထား

လက်ရှိဘဏ္ဍာနှစ်ခြောက်လတွင် မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆောင်ရွက်မှု၌ တရုတ်နိုင်ငံဘက်မှ ကုန်သွယ်မှုပိုငွေ ဒေါ်လာသန်း ၆၄၀ နီးပါးရှိပြီး ကုန်သွယ်ရေးအသာစီး ရရှိထား
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက်စစ်ဆေးရေး မန်းဝန်းဂိတ်တွင် ကုန်စည်ဖြတ်သန်းနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- ပြည့်စုံ-မူဆယ်)
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက်စစ်ဆေးရေး မန်းဝန်းဂိတ်တွင် ကုန်စည်ဖြတ်သန်းနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- ပြည့်စုံ-မူဆယ်)
Published 6 September 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ခြောက်လတွင် မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆောင်ရွက်မှု၌ တရုတ်နိုင်ငံဘက်မှ ကုန်သွယ်မှုပိုငွေ ဒေါ်လာသန်း ၆၄၀ နီးပါးအထိရှိပြီး ကုန်သွယ်ရေး အသာစီးရရှိထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပပို့ကုန်/သွင်းကုန် စာရင်းဇယားများ ပြည့်စုံမှန်ကန်မြန်ဆန်စွာပြုစုရေးအဖွဲ့မှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ခုနှစ် မတ်လကုန်အထိ မြန်မာနိုင်ငံဘက်မှ တင်ပို့ထားသည့် ပို့ကုန်ပမာဏမှာ ဒေါ်လာ ၃ ဒသမ ၂၉၉ ဘီလျံသာ ရှိသည်။ တရုတ်နိုင်ငံမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏမှာ ဒေါ်လာ ၃ ဒသမ ၉၃၈ ဘီလျံအထိ ရှိသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အပြန်အလှန်ကုန်သွယ်မှုကို နှိုင်းယှဉ်ပါက တရုတ်နိုင်ငံမှ တင်သွင်းထားသည့်ပမာဏမှာ မြန်မာနိုင်ငံမှ တင်ပို့ထားသည့်ပမာဏထက် ဒေါ်လာ ၆၃၉ ဒသမ ၄၈ သန်း ပို၍များနေကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ်ခြောက်လတွင် မြန်မာနှင့် တရုတ်နှစ်နိုင်ငံကြား ကုန်သွယ်မှု၌ တရုတ်နိုင်ငံဘက်မှ အသာစီးရရှိထားပြီး ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၆၃၉ ဒသမ ၄၈ သန်းအထိ ရှိကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုစလုံးဖြင့် ကုန်သွယ်မှုဆောင်ရွက်နေခြင်း ဖြစ်သည်။

နယ်စပ်ကုန်သွယ်မှုတွင် မူဆယ်၊ လွယ်ကျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေး စခန်းများဖြင့် ကုန်သွယ်မှုဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်၊ အခြားလယ်ယာထွက်ပစ္စည်း၊ ရေထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်း စသည်တို့ကို အဓိက တင်ပို့နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံမှ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုမြင့်တက်လာစေရန် ပို့ကုန်မဟာဗျူဟာများရေးဆွဲ၍ အကောင်အထည်ဖော်နေသကဲ့သို့ တခြားတစ်ဖက်တွင်လည်း ပြည်တွင်း လိုအပ်ချက်များကြောင့် ပြည်ပမှ မဖြစ်မနေတင်သွင်းရသည့် ကုန်စည်များကိုလည်း လျှော့ချ၍ မရနိုင်သောကြောင့် ပြည်ပမှ တင်သွင်းကုန်ပမာဏမှလည်း များနေရခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။

“ တကယ် လက်တွေ့လုပ်တဲ့ အခါကျတော့ ကိုယ့်ပြည်တွင်းလည်း စားသုံးမှုအားကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း အထူးသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းတွေမှာ ကုန်ကြမ်းလိုအပ်တော့။ ဥပမာ မွေးမြူရေးက တက်လာတယ်။ ကြက်စာ အရမ်းတင်သွင်းဖြစ်တယ်။ ပဲပိစပ်ကြိတ်ဖတ်ဆိုရင် ဟိုတုန်းက တန်ချိန်နှစ်သောင်းလောက် တစ်နှစ်ကို အခုဆို တန်ချိန်ငါးသောင်းအထိ သွင်းလာတဲ့အခါကျတော့ ခွင့်ပြုရတာပဲ။ ဒါမှလည်း ဒီဘက်ကလုပ်ငန်းတွေက တိုးတက်မှာ။ ဒါတွေကလျှော့လို့ မရဘူးလေ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

Most Read

Most Recent