ရိုးမားအသင်းကို ကိုင်တွယ်နိုင်ခြေရှိကြောင်း ရန်းနစ် ဆို

ရိုးမားအသင်းကို ကိုင်တွယ်နိုင်ခြေရှိကြောင်း ရန်းနစ် ဆို
Published 31 August 2020

လိုက်ပ်ဇစ်နည်းပြနှင့် အားကစားဒါရိုက်တာဟောင်း ရန်းနစ်က ရိုးမားအသင်းကို ကိုင်တွယ်နိုင်ခြေရှိသည်ဟု Corriere dello Sport  သို့ ပြောကြားခဲ့သည်။

ရန်းနစ်သည် အေစီမီလန်အသင်းအား ကိုင်တွယ်ရန် နီးစပ်ခဲ့သော်လည်း ပျက်ပြယ်ခဲ့ပြီး ယခုအခါတွင်   ပိုင်ရှင်သစ်များလက်ထဲ၌ အပြောင်းအလဲများပြုလုပ်ရန် တာစူနေသည့် ရိုးမားအသင်းကို ကိုင်တွယ်ခွင့်ရမည်ဆိုပါက စိတ်ဝင်စားကြောင်းနှင့် ၎င်း ပြုလုပ်ဖွယ်ရှိသည်များကို ရှင်းပြပြောကြားခဲ့သည်။

ရန်းနစ်က ''ရိုးမားက ကမ္ဘာ့အဆင့် မြို့ကြီးကို ကိုယ်စားပြုပြီး ဥရောပထိပ်သီးတစ်သင်းလည်းဖြစ်ပါတယ်။ ဒါပေမဲ့ စကူဒက်တို မရတာ နှစ်(၂၀) ရှိပြီ။ ပိုင်ရှင်သစ်တွေက စွန့်ဦးတီထွင်သမားတွေဖြစ်ပြီး သူတို့ ဘယ်လမ်းကို လျှောက်မလဲ စိတ်ဝင်စားစရာပဲ။ ကျွန်တော့်ကို ခန့်ရင်တော့ လိုက်ပ်ဇစ်ကို စတာဝန်ယူတုန်းကလို ဝန်ထမ်း(၅) ဦးလောက်ခေါ်ပြီး လုပ်နိုင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

Most Read

Most Recent