လာမည့် WLC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို မြန်မာနိုင်ငံ၌ ဦးစားပေးကျင်းပနိုင်ရန် မြန်မာလက်ခမောင်းကုမ္ပဏီ စီစဉ်လျက်ရှိပြီး စက်တင်ဘာ (သို့မဟုတ်) အောက်တိုဘာတွင်ကျင်းပရန် လျာထား

လာမည့် WLC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို မြန်မာနိုင်ငံ၌ ဦးစားပေးကျင်းပနိုင်ရန် မြန်မာလက်ခမောင်းကုမ္ပဏီ စီစဉ်လျက်ရှိပြီး စက်တင်ဘာ (သို့မဟုတ်) အောက်တိုဘာတွင်ကျင်းပရန် လျာထား
Photos : WLC
Photos : WLC
Published 30 August 2020

မြန်မာလက်ခမောင်းကုမ္ပဏီသည် ယခုနှစ်အတွင်း ပြိုင်ပွဲနှစ်ပွဲကျင်းပရန် စီစဉ်ထားသောကြောင့် လက်ကျန်လေးလအတွင်း ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC ပြိုင်ပွဲအတွက် နိုင်ငံစုံမှ နာမည်ကြီး တိုက်ခိုက်ရေး ကစားသမားများကို စာချုပ်ချုပ်ဆိုထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ၎င်းတို့၏တွဲ ဆိုင်းများ ထည့်သွင်းကျင်းပနိုင်ရန် အခက်တွေ့နေကြောင်း သိရသည်။ 

မြန်မာလက်ခမောင်းကုမ္ပဏီ သည် လာမည့် WLC  ကမ္ဘာ့ချန်ပီယံ ရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို မြန်မာနိုင်ငံ၌ ဦးစားပေးကျင်းပနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် ယခုနှစ်အတွင်း ပြိုင်ပွဲလေးပွဲ ကျင်းပရန် စီစဉ်ထားပြီး ဇန်နဝါရီ  ၃၁ ရက်နှင့် သြဂုတ် ၂၈ ရက်တွင် နှစ်ပွဲ ကျင်းပထားပြီးဖြစ်သောကြောင့် လက်ကျန်ပြိုင်ပွဲနှစ်ပွဲအတွက်  စီစဉ် ဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာလက်ခမောင်းကုမ္ပဏီသည် လာမည့် WLC ပြိုင်ပွဲကို စက်တင်ဘာ (သို့ မဟုတ်) အောက်တိုဘာတွင် ကျင်းပရန် စီစဉ်ထားပြီး ကိုရိုနာဗိုင်းရပ်စ် အခြေအနေအပေါ်မူတည်၍ ကျင်းပမည့်နေရာနှင့် တွဲဆိုင်းများ ထုတ်ပြန် မည်ဖြစ်သည်။

" နောက်ပြိုင်ပွဲတစ်ခုအတွက် ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်နေပါပြီ။ ဒါပေမဲ့ ရောဂါအခြေ အနေကြောင့် ပြင်ဆင်ရတာတွေတော့ အခက်အခဲရှိပါတယ်။ ကျင်းပမယ့် နေရာ မသတ်မှတ်နိုင်တာမျိုးတွေပါ။ လာမယ့်ပြိုင်ပွဲကိုတော့ ပြည်တွင်းမှာ ကျင်းပနိုင်ဖို့ ဦးစားပေးလုပ်ဆောင်နေပါတယ်။ ဗိုင်းရပ်စ်အခြေအနေကြောင့် ပြည်တွင်းမှာ ကျင်းပခွင့်မရသေးဘူးဆိုမှ ပြည်ပနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။ တွဲဆိုင်းတွေလည်း စီစဉ်ထားပြီးဖြစ်ပါတယ်။ ပြည်ဝင်ခွင့်ပေးတာတွေ၊ ပြည်ပနိုင်ငံကို သွားရောက်ဖို့ အနေအထားတွေအပေါ်မှာ မူတည်ပါတယ်။ ဖြစ်လာနိုင်တဲ့ အခြေအနေအမျိုးမျိုးအတွက်လည်း ကျွန်တော်တို့ဘက်က ကြိုတင်စီစဉ်ထားပြီးဖြစ်ပါတယ်" ဟု မြန်မာလက်ခမောင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

WLC-12 ပြိုင်ပွဲကို သြဂုတ် ၂၈ ရက်က ထိုင်းနိုင်ငံ၌ ကျင်းပခဲ့ပြီး  လာမည့်ပြိုင်ပွဲကို WLC-13 အစား WLC-14  အမည်ဖြင့် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ မြန်မာလက်ခမောင်းကုမ္ပဏီသည် ယခုနှစ်အတွင်း ပြိုင်ပွဲနှစ်ပွဲကျင်းပရန် စီစဉ်ထားသောကြောင့် လက်ကျန်လေးလအတွင်း ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC ပြိုင်ပွဲအတွက် နိုင်ငံစုံမှ နာမည်ကြီး တိုက်ခိုက်ရေး ကစားသမားများကို စာချုပ်ချုပ်ဆိုထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ၎င်းတို့၏တွဲ ဆိုင်းများ ထည့်သွင်းကျင်းပနိုင်ရန် အခက်တွေ့နေကြောင်း သိရသည်။ 

မြန်မာလက်ခမောင်းကုမ္ပဏီ သည် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို နိုင်ငံတကာအဆင့်မီ ကျင်းပလျက်ရှိပြီး ဆန်းသစ်သည့်အပြင်အဆင်များဖြင့်လည်း တင်ဆက်နေခြင်းဖြစ်သည်။  မြန်မာလက်ခမောင်းကုမ္ပဏီသည် ယခုနှစ်မှစတင်၍ ပြည်ပနိုင်ငံများ တွင် သွားရောက်ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ဧပြီတွင် ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပမည့်ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရသလို ထိုင်းနိုင်ငံ၌ကျင်းပသည့်ပြိုင်ပွဲကိုလည်း ပရိသတ်မပါဘဲ ကျင်းပခဲ့ရသည်။ မြန်မာလက်ခမောင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ လာမည့်နှစ်တွင် အရှေ့တောင်အာရှနှင့် အာရှနိုင်ငံများအပြင် အမေရိကန်နိုင်ငံ$ပါ WLC ပြိုင်ပွဲများ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent