ကွန်မြူနတီဒိုင်းပွဲတွင် အာဆင်နယ်ကို အနိုင်ရရန်အစွမ်းကုန်ကြိုးစားသွားမည်ဟု ကလော့ပ် ဆို

ကွန်မြူနတီဒိုင်းပွဲတွင် အာဆင်နယ်ကို အနိုင်ရရန်အစွမ်းကုန်ကြိုးစားသွားမည်ဟု ကလော့ပ် ဆို
Photo: Getty Images
Photo: Getty Images
Published 29 August 2020

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ကွန်မြူနတီဒိုင်းပွဲတွင် အာဆင်နယ်အသင်းကို အနိုင်ရရန်အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။ 

၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းနှင့် FA ဖလားချန်ပီယံ အာဆင်နယ်အသင်းတို့သည် ယနေ့ (သြဂုတ်လ ၂၉ ရက်)တွင် ကွန်မြူနတီဒိုင်းပွဲအဖြစ် ဝင်ဘလေကွင်း၌ ကစားကြမည်ဖြစ်သည်။ 

ကလော့ပ်က မိမိတို့အနေဖြင့် အဆိုပါပွဲစဉ်တွင် အနိုင်ရရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း အာဆင်နယ်အသင်းနှင့် ကစားမည့်ပွဲကြိုအဖြစ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကလော့ပ်က "ကပ်ဘေးကြောင့် အရင်ရာသီတွေလို ကျွန်တော်တို့ ပြင်ဆင်ချိန်သိပ်မရခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ ဖီဖာကလပ်ကမ္ဘာဖလား ကစားခဲ့ရတယ်။ လူတွေက ဖီဖာကလပ်ကမ္ဘာ့ဖလားဟာ ဘာမှမဟုတ်ဘူးဆိုပြီး ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဖလားရတဲ့ ခံစားချက်က အရမ်းကို ကောင်းပါတယ်။ အခု ကွန်မြူနတီဒိုင်းကိုလည်း ကျွန်တော်တို့ လိုချင်ပါတယ်။ အဲဒီအတွက် အာဆင်နယ်အသင်းကို အနိုင်ရအေင် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ကလော့ပ်က လာမည့် ၂၀၂၀-၂၁ ရာသီမှာ ခက်ခဲမည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent