ရယ်ဂီလွန်ကို ခေါ်ယူရန် မန်ယူအသင်း စောင့်ကြည့်နေ

ရယ်ဂီလွန်ကို ခေါ်ယူရန် မန်ယူအသင်း စောင့်ကြည့်နေ
Photo: Getty Images
Photo: Getty Images
Published 29 August 2020

မန်ယူအသင်းသည် ရီးယဲလ်ဘယ်နောက်ခံလူ ရယ်ဂီလွန်အား ခေါ်ယူရန် စောင့်ကြည့်နေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ 

အသက် (၂၃)နှစ်အရွယ်ရှိ စပိန်နောက်ခံလူ ရယ်ဂီလွန်သည် နည်းပြ ဇီဒန်း လက်ထက်တွင် ရီးယဲလ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်သည်။ 

ထို့ကြောင့် ရယ်ဂီလွန်သည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ဆီဗီလာအသင်းသို့ တစ်ရာသီအငှားဖြင့် သွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သည်။ 

သို့သော် ရီးယဲလ်အသင်း၏ ဘယ်နောက်ခံနေရာတွင် မာဆယ်လိုနှင့် ဖာလန်းမန်ဒီတို့ ရှိနေသည့်အတွက် ရယ်ဂီလွန်အနေဖြင့် နေရာရဖွယ်မရှိဘဲ အသင်းပြောင်းရွှေ့ရဖွယ်ရှိနေသည်ဟု စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

မန်ယူအသင်းသည် ဘယ်နောက်ခံနေရာအတွက် ရယ်ဂီလွန်ကို ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ပြီး ရီးယဲလ်အသင်းသည် ၎င်းအတွက် ယူရိုသန်း (၂၀) အလိုရှိနေကြောင်း သိရသည်။ 

Most Read

Most Recent