မြန်မာ့လက်ရွေးစင်အသင်းနှင့် လူငယ်လက်ရွေးစင်အသင်းများ အစောဆုံး နှစ်ကုန်ပိုင်းမှသာ စခန်းဝင်လေ့ကျင့်ဖွယ်ရှိပြီး လာမည့်နှစ်တွင်ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲများအပေါ် မူတည်၍ စခန်းဝင်လေ့ကျင့်မည့်ရက်များ MFFသတ်မှတ်မည်

Photo: EMG
Photo: EMG
Published 23 August 2020

" ဒီနှစ်ထဲမှာ လက်ရွေးစင်အသင်တွေနဲ့ လူငယ်လက်ရွေးစင်အသင်းအားလုံး စခန်းဝင်လေ့ကျင့်ဖို့မရှိပါ ဘူး။ အစောဆုံး နှစ်ကုန်ပိုင်းလောက်မှပဲ လေ့ကျင့်မှာဖြစ်ပါတယ်။ အသင်းတွေအားလုံးက လာမယ့်နှစ်မှ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ပြိုင်ပွဲတွေအပေါ်မူတည်ပြီး စခန်းဝင်လေ့ကျင့်မယ့်ရက် သတ်မှတ်သွားမှာဖြစ်ပါတယ်" ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင် အသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများအား အစောဆုံး နှစ်ကုန်ပိုင်းမှသာ စခန်းဝင်လေ့ကျင့်စေမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်း နှင့် လူငယ်လက်ရွေးစင်အသင်းများ ယှဉ်ပြိုင်ရမည့် အာရှအဆင့်နှင့် အာဆီယံအဆင့် ပြိုင်ပွဲများမှာ COVID-19 ရောဂါကြောင့် ဖျက်သိမ်း ခဲ့ရပြီး လာမည့်နှစ်မှသာ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ MFF အနေဖြင့် လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအပေါ်မူတည်၍ လက်ရွေးစင်အသင်းများ စခန်းဝင်လေ့ကျင့်ရမည့် ရက်ကို သတ်မှတ်သွားမည်ဖြစ်သည်။ 

" ဒီနှစ်ထဲမှာ လက်ရွေးစင်အသင်တွေနဲ့ လူငယ်လက်ရွေးစင်အသင်းအားလုံး စခန်းဝင်လေ့ကျင့်ဖို့မရှိပါ ဘူး။ အစောဆုံး နှစ်ကုန်ပိုင်းလောက်မှပဲ လေ့ကျင့်မှာဖြစ်ပါတယ်။ အသင်းတွေအားလုံးက လာမယ့်နှစ်မှ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ပြိုင်ပွဲတွေအပေါ်မူတည်ပြီး စခန်းဝင်လေ့ကျင့်မယ့်ရက် သတ်မှတ်သွားမှာဖြစ်ပါတယ်" ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ သို့သော် မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၆ ရက်တွင် ဂျော်ဒန် လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားပြီး ယင်းခြေစမ်းပွဲအတွက် နှစ်ဖကဘောလုံးအဖွဲ့ချုပ် ညှိနှိုင်းပြီးမှသာ ကျင်းပခြင်းရှိမရှိ ဆုံးဖြတ်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်နှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်း အများစုသည် ယခုနှစ်အတွင်း အာဆီယံအဆင့်ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ရှိသော်လည်း အာဆီယံဘောလုံး အဖွဲ့ချုပ်က ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲအားလုံး ဖျက်သိမ်းခဲ့ပြီး လာမည့်နှစ်မှသာ ပြန်လည်ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာအသင်းများအနေ ဖြင့် လာမည့်နှစ်တွင် ပြိုင်ပွဲများစွာ ယှဉ်ပြိုင်ရဖွယ်ရှိပြီး အာဆီယံအဆင့် ပြိုင်ပွဲများအပြင် အာရှခြေစစ်ပွဲများ လည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ပြင် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲကို နိုဝင်ဘာတွင် ကျင်းပရန် စီစဉ်ထား ရာ MFF အနေဖြင့် နိုင်ငံတကာပြိုင် ပွဲ ၂၀ ဝန်းကျင်အတွက် ပြင်ဆင်ရဖွယ်ရှိနေသည်။

MFF သည် လာမည့်နှစ်တွင် ကျင်းပမည့် အာရှခြေစစ်ပွဲများအနက် အာရှ ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ နှင့် အာရှ ယူ-၁၇ အမျိုးသမီးခြေစစ် ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် လျှောက်ထားပြီး အာဆီယံ အဆင့် ပြိုင်ပွဲများနှင့်ပတ်သက်၍ ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း သိရသည်။

Most Read

Most Recent