ဘုန်းမောက်အသင်းအနေဖြင့် အပြောင်းအလဲပြုလုပ်သင့်ပြီဟု ယူဆ၍ မိမိလမ်းခွဲခဲ့ခြင်းဖြစ်သည်ဟု အက်ဒီဟောင်း ပြောကြား

ဘုန်းမောက်အသင်းအနေဖြင့် အပြောင်းအလဲပြုလုပ်သင့်ပြီဟု ယူဆ၍ မိမိလမ်းခွဲခဲ့ခြင်းဖြစ်သည်ဟု အက်ဒီဟောင်း ပြောကြား
Published 3 August 2020

ပြီးခဲ့သည့်သြဂုတ် (၁)ရက်နေ့က ဘုန်းမောက်အသင်းနှင့် လမ်းခွဲခဲ့သော အင်္ဂလိပ်လူမျိုးနည်းပြ အက်ဒီဟောင်းက အသင်းနှင့်သူ လမ်းခွဲခဲ့ရသည့်အကြောင်းရင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။

အက်ဒီဟောင်းက ဘုန်းမောက်အသင်းအနေဖြင့် အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ်နေပြီဟု ယူဆ၍ မိမိကိုယ်တိုင် အသင်းနှင့်လမ်းခွဲခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဘုန်းမောက်အသင်းသည် ပြီးခဲ့သည့် ၂၀၁၉ -၂၀ ဘောလုံးရာသီတွင် ရမှတ်(၃၄) မှတ်သာ ရရှိပြီး တန်းဆင်းဇုန်အတွင်း  အဆင့်(၁၈)နေရာ၌ ရပ်တည်ခဲ့၍ ရာသီကုန်တွင် တန်းဆင်းခဲ့ရသည်။

အက်ဒီဟောင်းသည် အသင်းတန်းဆင်းပြီး တစ်ပတ်မပြည့်မီပင် သူ ၏ရာထူးမှ နုတ်ထွက်ရန်ဆုံးဖြတ်ခဲ့ပြီး ကလပ်အသင်းတာဝန်ရှိသူများနှင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှုရယူကာ လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အက်ဒီဟောင်း(၄၂ နှစ်)သည် ဘုန်းမောက်အသင်းကို ၂၀၀၈ မှ ၂၀၁၁ ခုနှစ်အထိ တစ်ကြိမ်၊ ၂၀၁၂  မှ ၂၀၂၀ ခုနှစ်အထိတစ်ကြိမ် (၂)ကြိမ် တာဝန်ယူခဲ့သူဖြစ်သည်။

အက်ဒီဟောင်းသည် ဘုန်းမောက်အသင်းတွင် နောက်ခံလူတစ်ဦးအဖြစ်လည်း နှစ်ပေါင်းများစွာကစားခဲ့သူဖြစ်သည်။

အက်ဒီဟောင်းသည်  ဘုန်းမောက်အသင်းကို ပရီးမီးယားလိဂ်၏ အောက်တန်းလိဂ်ပြိုင်ပွဲများတွင် အောင်မြင်မှုများစွာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့၍ အင်္ဂလန်ဘောလုံးလိဂ် ဆယ်စုနှစ် (၂၀၀၅-၂၀၁၅)အကောင်းဆုံးနည်းပြဆုကို ရရှိဖူးသူဖြစ်သည်။

 

Most Read

Most Recent