ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းတိုးနိုင်ရန် ဗက်ဇ်ကေး မျှော်လင့်

ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းတိုးနိုင်ရန် ဗက်ဇ်ကေး မျှော်လင့်
Photo: Marca
Photo: Marca
Published 31 July 2020

ရီးယဲလ်တောင်ပံကစားသမား ဗက်ဇ်ကေးသည် အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။ 

ရီးယဲလ်တောင်ပံကစားသမား ဗက်ဇ်ကေးသည် အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။ 

ရီးယဲလ်အသင်းနှင့် ချုပ်ဆိုထားသည့် ဗက်ဇ်ကေး၏ စာချုပ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်အသင်းဘက်က ကမ်းလှမ်းမှုမရှိသေးကြောင်း သိရသည်။ 

အသက် (၂၉)နှစ်အရွယ်ရှိ စပိန်တောင်ပံကစားသမား ဗက်ဇ်ကေးသည် ၂၀၁၉-၂၀ ရာသီအတွင်း ရီးယဲလ်အသင်းတွင် ခံစစ်၌ ဆင်းကစားပေးခဲ့ရပြီး ရောင်းထုတ်ခံရဖွယ်ရှိသည့် ကစားသမားတစ်ဦးအဖြစ်လည်း ထင်ကြေးပေးခံနေရသည်။ 

သို့သော် ဗက်ဇ်ကေးက မိမိအနေဖြင့် ရီးယဲလ်အသင်းတွင်သာ ဆက်နေသွားရန် ဆန္ဒရှိနေပြီး အသင်းမှ သက်တမ်းတိုးရန်

ကမ်းလှမ်းလာမည်ကို မျှော်လင့်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့ပြင် ဗက်ဇ်ကေးသည် အသင်းကလိုအပ်ပါက ခံစစ်တွင် ကစားရန်ပါ အသင့်ရှိနေကြောင်းလည်း သိရသည်။ 

ဗက်ဇ်ကေးသည် ၂၀၁၉-၂၀ ရာသီတွင် ရီးယဲလ်အတွက် ပြိုင်ပွဲစုံ (၂၂)ပွဲသာ ပါဝင်ကစားခွင့်ရထားပြီး (၃)ဂိုး သွင်းယူပေးခဲ့သည်။ 

Most Read

Most Recent