ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို စွဲချက်တင်ခံရ

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို စွဲချက်တင်ခံရ
Photo: Getty Images
Photo: Getty Images
Published 31 July 2020

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုသည် ခြစားမှုနှင့်ဆက်နွယ်၍ ဆွစ်ဇာလန်ရှေ့နေတစ်ဦး၏ စွဲချက်တင်ခံခဲ့ရကြောင်း သိရသည်။ 

အင်ဖန်တီနိုသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ရာထူးမှ နုတ်ထွက်ခဲ့ရသော ဆွစ်ဇာလန်ရှေ့နေချုပ် မိုက်ကယ်လော်ဘာနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့ဖူးသောကြောင့် စွဲချက်တင်ခံရခြင်းဖြစ်ပြီး တရားရုံး၌ စစ်ဆေးခံရဖွယ်ရှိကြောင်း သိရသည်။ 

မိုက်ကယ်လော်ဘာသည် အကျင့်ပျက်ခြစားမှုကြောင့် ရာထူးမှနုတ်ထွက်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း စုံစမ်းစစ်ဆေးခံနေရသည်။ 

အင်ဖန်တီနိုကမူ ယင်းစွပ်စွဲချက်များနှင့်ပတ်သက်ပြီး မိမိအနေဖြင့် မည်သည့်အမှားအယွင်းမျှ ပြုလုပ်ခဲ့ခြင်းမရှိဟု တုံ့ပြန်ထားကြောင်း သိရသည်။

အင်ဖန်တီနိုသည် ဖီဖာဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

Most Read

Most Recent