အာဆင်နယ်နောက်ခံလူ မူစတာဖီ အောက်တိုဘာလအထိ အနားယူရမည်

အာဆင်နယ်နောက်ခံလူ မူစတာဖီ အောက်တိုဘာလအထိ အနားယူရမည်
Photo: Getty Images
Photo: Getty Images
Published 29 July 2020

အာဆင်နယ်နောက်ခံလူ မူစတာဖီသည် အနည်းဆုံး အောက်တိုဘာလအထိ အနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ဂျာမန်နောက်ခံလူ မူစတာဖီသည် အဆိုပါဒဏ်ရာကို ဇူလိုင်လ (၁၈)ရက်က ကစားခဲ့သည့် FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် အာဆင်နယ် (၂-၀) ချယ်လ်ဆီးပွဲတွင် ရရှိခဲ့ခြင်းဖြစ်သည်။ 

မူစတာဖီသည် အဆိုပါဒဏ်ရာကြောင့် အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ရာသီသိမ်း နောက်ဆုံးပွဲစဉ် (၂)ပွဲကို လွဲချော်ခဲ့သလို၊ သြဂုတ်လ (၁)ရက်တွင် ချယ်လ်ဆီးအသင်းနှင့် ကစားမည့် FA ဖလား ဗိုလ်လုပွဲစဉ်ကိုပါ လွဲချော်မည်ဖြစ်သည်။ 

၎င်းသည် တံကောက်ကြောဒဏ်ရာကို အသေးစားခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး အောင်မြင်ခဲ့ကြောင်း အာဆင်နယ်အသင်းက ထုတ်ပြန်ခဲ့သည်။ 

အာဆင်နယ်အသင်း၏ ထုတ်ပြန်ချက်တွင် မူစတာဖီအနေဖြင့် အောက်တိုဘာလတွင် လေ့ကျင့်ခန်းပြန်ဆင်းနိုင်ရန် မျှော်လင့်နေကြောင်း ပါရှိသည်။ 

၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို စက်တင်ဘာ (၁၂)ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ မူစတာဖီအနေဖြင့် အသင်း၏ ရာသီအစပိုင်း ပွဲစဉ်များကို လွဲချော်တော့မည်ဖြစ်သည်။ 

Most Read

Most Recent