ချယ်လ်ဆီးသို့ပြောင်းရွှေ့လာခြင်းမှာ လမ်းပတ်ကြောင့် ဖြစ်သည်ဟု တီမိုဗာနာ ဖွင့်ဟ

ချယ်လ်ဆီးသို့ပြောင်းရွှေ့လာခြင်းမှာ လမ်းပတ်ကြောင့် ဖြစ်သည်ဟု တီမိုဗာနာ ဖွင့်ဟ
Photos: Getty Images
Photos: Getty Images
Published 28 July 2020

ဂျာမန်တိုက်စစ်မှူး တီမိုဗာနာက မိမိအနေဖြင့် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခြင်းမှာ နည်းပြ လမ်းပတ်ကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ဂျာမန်တိုက်စစ်မှူး တီမိုဗာနာက မိမိအနေဖြင့် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခြင်းမှာ နည်းပြ လမ်းပတ်ကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် အသက် (၂၄)နှစ်အရွယ်ရှိ ဂျာမန်တိုက်စစ်မှူး ဗာနာအား ပေါင် (၅၃)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဗာနာသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်း၌ ကစားခွင့်မရတော့သော်လည်း အသင်းနှင့်အတူ လေ့ကျင့်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။ 

ဗာနာက မိမိအနေဖြင့် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခြင်းမှာ နည်းပြ လမ်းပတ်က အဓိကကျသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာတာ လမ်းပတ်က အဓိကကျပါတယ်။ ကျွန်တော် ချယ်လ်ဆီးအသင်းကို မပြောင်းခင် နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အများကြီး ဆွေးနွေးကြခဲ့ပါတယ်။ လမ်းပတ်က ကျွန်တော့်ကို သူ ဘယ်လိုကစားစေချင်တယ်ဆိုတာ ပြောပြသလို၊ နည်းစနစ်ပိုင်းက ကျွန်တော်နဲ့ ဘယ်လိုကိုက်ညီတယ်ဆိုတာကိုလည်း ရှင်းပြပါတယ်။ လမ်းပတ်က တကယ်ကောင်းတဲ့ လူတစ်ယောက်ပါ။ သူက ကျွန်တော့်ကို ဘောလုံးသမားအနေနဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ သူ့ကို ကူညီစေချင်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ နှစ်ယောက်အကြား ဆက်ဆံရေးဟာ အရမ်း အဆင်ပြေပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်"ဟု ပြောကြားခဲ့သည်။ 

တီမိုဗာနာသည် ၂၀၁၉-၂၀ ရာသီက လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၅)ပွဲတွင် (၃၄)ဂိုးအထိ သွင်းပေးခဲ့သူဖြစ်သည်။ 

ချယ်လ်ဆီးအသင်းသည် ၂၀၂၀-၂၁ ရာသီအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ဇီယာ့ရှ်နှင့် ဗာနာတို့ကို ခေါ်ယူပြီးဖြစ်သော်လည်း ကစားသမားသစ်များ ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ 

Most Read

Most Recent