SNLD ပါတီအနေဖြင့် မူဆယ်ခရိုင်အတွင်းရှိ မဲဆန္ဒနယ်မြေအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဒေသခံများ၏ ဆန္ဒသဘောထားဖြင့် ရွေးချယ်မည်

SNLD ပါတီအနေဖြင့် မူဆယ်ခရိုင်အတွင်းရှိ မဲဆန္ဒနယ်မြေအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဒေသခံများ၏ ဆန္ဒသဘောထားဖြင့် ရွေးချယ်မည်
မူဆယ်မြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ၏ ရုံးခန်းကို တွေ့ရစဉ်
မူဆယ်မြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ၏ ရုံးခန်းကို တွေ့ရစဉ်
Published 7 July 2020
ပြည့်စုံ(မူဆယ်)

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD အနေဖြင့် မူဆယ်ခရိုင်အတွင်းရှိ မဲဆန္ဒနယ်မြေအားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များအား ‌ဒေသခံများ၏ ဆန္ဒသဘောထားဖြင့် ရွေးချယ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“အခု ကျွန်တော်တို့မြို့နယ်မှာက ပြည်နယ်လွှတ်တော် နှစ်နေရာနဲ့ ပြည်သူ့လွှတ်တော် တစ်နေရာရယ်၊ လိုအပ်ရင်လည်း ခရိုင်မှာ အမျိုးသားလွှတ်တော်နေရာ ဝင်ပြိုင်ဖို့ရှိပါတယ်။ စုစုပေါင်း လေးနေရာ ဝင်ပြိုင်မှာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ယခင်နိုင်ခဲ့ပြီးသား ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်သူ့လွှတ်တော်တစ်နေရာနဲ့ အမှတ် (၁) မဲဆန္ဒနယ်တစ်နေရာ နိုင်ထားတာရှိတယ်။ အဲဒီနေရာနှစ်ခုက လက်ရှိအနေအထားအရလည်း နိုင်မယ်လို့ ခံယူထားတယ်။ ကျန်တဲ့ အမှတ်(၂) မဲဆန္ဒနယ်နဲ့ ခရိုင်မှာ အမျိုးသားလွှတ်တော်နေရာမှာလည်း အနိုင်ရရှိနိုင်မယ်လို့ မျှော်လင့်ထားတာရှိတယ်” ဟု မူဆယ်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌစိုင်းလှဖေက ပြောကြားသည်။

ဆက်လက်၍ ၎င်းက “ဒေခံတွေကို ပြောချင်တာက အမျိုးသားရေးအနေနဲ့ ပြီးခဲ့တဲ့ ပင်လုံရဲ့ ကတိကဝတ်တွေအရ ကျွန်တော်တို့ ပြည်နယ်မှာ ပြည်ထောင်စုမှာ ဖက်ဒရယ်ပြည်ထောင်စုပုံစံမျိုး ပေါ်ပေါက်လာအောင် ကျွန်တော်တို့ ဦးတည်ရည်မှန်းထားပါတယ်။ ဒါကိုလည်း အားလုံး အကောင်အထည်ဖော်နိုင်‌အောင် အားသွန်ခွန်စိုက် လုပ်သွားပါမယ်။ နောက်တစ်ခုက ဒေသနယ်မြေမှာရှိတဲ့ ဒေသပြည်သူတွေအားလုံးအတွက် လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးအပိုင်းကစပြီးတော့ အားလုံးကို အကာအကွယ်ပေးနိုင်အောင် ဦးစားပေးလုပ်ဆောင်သွားမယ်” ဟု ပြောကြားသည်။

မူဆယ်ခရိုင်အတွင်း အသက် ၁၈ နှစ် ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများ မဲထည့်ခွင့်ဆုံးရှုံးမှုမရှိစေရန်နှင့် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်လာရေးအတွက် SNLD ပါတီအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူဆယ်ခရိုင်အတွင်းရှိ မဲဆန္ဒနယ်မြေအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် SNLD ပါတီ ကိုယ်စားလှယ်လောင်းများကို လာမည့် ဇူလိုင် ၁၂ ရက်တွင် ဒေသခံပြည်သူများ၏ ဆန္ဒသဘောထားဖြင့် ရွေးချယ်မည်ဖြစ်ပြီး မြို့နယ်မှ စိစစ်အတည်ပြုပြီးပါက ဗဟိုသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း စိုင်းလှဖေက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (Shan Nationalities League for Democracy- SNLD) ကို ၁၉၈၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့သည်။

 

Most Read

Most Recent