ကိုယ်ပိုင်အသင်းများအား (၁)ပေါင်ဖြင့် ရောင်းချလိုသည့် လိဂ်ချန်ပီယံရှစ်ကလပ် (၇)သင်းအထိရှိသည်ဟု ကာဒစ်ဖ်အသင်းဥက္ကဋ္ဌ ဒယ်လ်မန် ပြောကြား

ကိုယ်ပိုင်အသင်းများအား (၁)ပေါင်ဖြင့် ရောင်းချလိုသည့် လိဂ်ချန်ပီယံရှစ်ကလပ် (၇)သင်းအထိရှိသည်ဟု ကာဒစ်ဖ်အသင်းဥက္ကဋ္ဌ ဒယ်လ်မန် ပြောကြား
Photos: Getty Images
Photos: Getty Images
Published 24 June 2020

လိဂ်ချန်ပီယံရှစ်ကလပ် အသင်းများအနေဖြင့် ကွင်းပိတ်ကစားရခြင်းကြောင့် ကွင်းဝင်ကြေး ရရှိမည်မဟုတ်ရာ အသင်းများ၏ ဘဏ္ဍာရေးအခြေအနေကို များစွာထိခိုက်စေကြောင်း သိရှိရသည်။ ပရီးမီးယားလိဂ်အသင်းများကဲ့သို့ ရုပ်သံဝင်ငွေ အမြောက်အမြားမရရှိခြင်းကြောင့် ကွင်းဝင်ကြေးမှာ လိဂ်ချန်ပီယံရှစ်အသင်းများအတွက် အဓိကအားထားရသည့် ဝင်ငွေရပေါက်ရလမ်းလည်းဖြစ်သည်။ 

လိဂ်ချန်ပီယံရှစ်ကလပ်အသင်းများအနေဖြင့် ငွေရေးကြေးရေးအကျပ်အတည်းကြုံတွေ့နေရရာ မိမိတို့ အသင်းကို ပြန်လည်ရောင်းချလိုသော အသင်း အနည်းဆုံး (၇)သင်းရှိသည်ဟု ကာဒစ်ဖ်အသင်းဥက္ကဋ္ဌ မီမက်ဒယ်လ်မန်က ပြောကြားခဲ့သည်။    

လိဂ်ချန်ပီယံရှစ်အသင်း (၇)သင်းမှာ ဘဏ္ဍာရေးအခက်အခဲကြောင့်  ဆက်လက်လည်ပတ်လိုသည့် ဆန္ဒမရှိတော့ဘဲ အသင်းကို (၁)ပေါင်ဖြင့်ဝယ်လျှင်ပင် ပျော်ရွှင်စွာဖြင့်ရောင်းချနိုင်ကြောင်း ဒယ်လ်မန်က ပြောကြားခဲ့သည်။ လိဂ်ချန်ပီယံရှစ်ကလပ် အသင်းများအနေဖြင့် ကွင်းပိတ်ကစားရခြင်းကြောင့် ကွင်းဝင်ကြေး ရရှိမည်မဟုတ်ရာ အသင်းများ၏ ဘဏ္ဍာရေးအခြေအနေကို များစွာထိခိုက်စေကြောင်း သိရှိရသည်။ ပရီးမီးယားလိဂ်အသင်းများကဲ့သို့ ရုပ်သံဝင်ငွေ အမြောက်အမြားမရရှိခြင်းကြောင့် ကွင်းဝင်ကြေးမှာ လိဂ်ချန်ပီယံရှစ်အသင်းများအတွက် အဓိကအားထားရသည့် ဝင်ငွေရပေါက်ရလမ်းလည်းဖြစ်သည်။ 

ဒယ်လ်မန်က Mirror  သတင်း စာနှင့် တွေ့ဆုံရာ၌ "ကျွန်တော် လိဂ်ချန်ပီယံရှစ်က ကလပ်အသင်းတွေနဲ့ စကားပြောကြည့်ရာမှာ အသင်းတန်ဖိုးကို (၁)ပေါင်သတ်မှတ်ပြီး ဝယ်မယ့်သူရှိရင် ပျော်ပျော်ကြီးရောင်းလိုတဲ့အသင်း (၇)သင်းအထိရှိနေပါတယ်" ဟု ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းင်းက ကလပ်အသင်းများအနေဖြင့် ဝင်ငွေမရှိဘဲ ဆက်လက်ရပ်တည်ရန် မလွယ်ကူကြောင်း၊ မည်ကဲ့သို့အခြေအနေ ဖြစ်ပေါ်လာမည်ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း ညည်းတွားပြောကြားခဲ့သည်။

Most Read

Most Recent