မန်ယူအသင်းနှင့် စာချုပ်သက်တမ်းတိုးခဲ့သည့် ကွင်းလယ်လူ တွမ်မီနေးက မိမိအနေဖြင့် အသင်းအတွက် အစွမ်းကုန်ပေးဆပ်သွားမည်ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းနှင့် စာချုပ်သက်တမ်းတိုးခဲ့သည့် ကွင်းလယ်လူ တွမ်မီနေးက မိမိအနေဖြင့် အသင်းအတွက် အစွမ်းကုန်ပေးဆပ်သွားမည်ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် စကော့တလန်လက် ရွေးစင်ကွင်းလယ်လူ စကော့မက်တွမ်မီနေး ကို ၂၀၂၅ ခုနှစ် ဇွန်လအထိ စာချုပ်သက် တမ်းတိုးခဲ့ကြောင်း ဇွန်လ (၂၃) ရက်က အတည် ပြုကြေညာခဲ့သည်။ ယင်းစာချုပ်တွင် တစ်နှစ် ထပ်မံသက်တမ်းတိုးခွင့်ရှိသည့်အချက်ကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။
လက်စတာမြို့တွင်မွေးဖွားခဲ့သည့် တွမ်မီနေးမှာ (၂၃) နှစ်အရွယ်သာရှိသေးပြီး နည်းပြ မော်ရင်ဟိုလက်အောက် ၂၀၁၇ ခုနှစ် မေလ တွင်ကစားခဲ့သည့် အာဆင်နယ်နှင့်ပွဲ၌ ပထမဆုံးပွဲထွက်ခွင့် ရခဲ့ခြင်းဖြစ်သည်။
၎င်းအနေဖြင့် ပွဲထွက်ကစားချိန်ကတည်းက ခြေစွမ်းပြကစားနိုင်ခဲ့သဖြင့် မန်ယူအသင်းမှ ရေရှည် ဆက်ထိန်းထားလိုသောကြောင့် ကာလရှည် သက်တမ်းတိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်သိတဲ့ အရာအားလုံးက ယူနိုက်တက်ပါပဲ။ ကွင်းထဲကိုဝင်ကစားရတဲ့အကြိမ်တိုင်း ကလပ်အသင်းအတွက် စိတ်အားထက်သန်မှုပြသနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အသင်းဂျာစီကို ဝတ်ဆင်ရတဲ့အခါတိုင်းမှာ အသင်းအတွက် အရာအားလုံးပေးဆပ်နိုင်ဖို့ ကြိုးစားသွားမှာပါ"ဟု တွမ်မီနေးက ပြောကြားခဲ့သည်။
မန်ယူအကယ်ဒမီထွက်ကစား သမားဖြစ်သည့် တွမ်မီနေးသည် အသင်းကြီးအတွက် (၇၅) ပွဲကစားပေးထားပြီး ပြီးခဲ့သည့် မတ်လအတွင်းက မန်စီးတီးနှင့်ပွဲတွင် (၁)ဂိုး သွင်းယူမှုအပါအဝင် ပရီးမီးယားလိဂ်ဂိုးပေါင်း (၆) ဂိုးအထိ သွင်းယူပေးထားခဲ့သည်။
ထို့ပြင် တွမ်မီနေးမှာ ယခုရာသီတွင်လည်း မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၂၈) ပွဲအထိ ကစားပေးထားကာ (၅)ဂိုးသွင်းယူထားကာ (၁)ဂိုး ဖန်တီးပေးခဲ့ပြီး လက်ရှိဘောလုံးရာ သီမှာ သူ၏စွမ်းဆောင်ရည် ပိုမိုမြင့်တက်လာ ခဲ့သည်။















